[၂၃၃] ရှုံးနိမ့်သွားသောမာရှယ်။

Start from the beginning
                                    

သူပြိုင်ဘက်ကိုစိန်ခေါ်ရမဲ့အလှည့်ရောက်လာတော့သူ့မျက်လုံးများကပလ္လင်ဘက်ကိုရုတတရက်ကြည့်လိုက်သည်။

ဇာ့ဂျ်များအံ့အားသင့်သွားကြသည်။ သူဘုရင်ကိုစိန်ခေါ်ချင်တာဟုလူတိုင်းထင်မိသွားရုံသာရှိသေး၊ သူကနှုတ်ခမ်းကွေးကာရယ်မောလာသည်။ သူ့မျက်လုံးများမှာလင်ခုံးလုဘေးကဟော့ရှီစစ်ဆီရောက်သွားပြီးပြောလိုက်သည်။
"ကျွန်တော်အရှင့်ညာဘက်ကဇာ့ဂျ်ကိုစိန်ခေါ်ချင်တယ်။"

လက်ရှိဇာ့ဂျ်များမှာဒါကိုကြားတော့ဟော့ရှီစစ်ဘက်အာရုံရောက်သွားသည်။

ဟော့ရှီစစ်ကိုသိသည့်ဇာ့ဂျ်စစ်သားတချို့မှာရုတ်တရက်အနည်းငယ်ထူးဆန်းသွားပုံရကာတွေးလိုက်မိသည်: ဒါကဇာ့ဂျ်မှမဟုတ်တာ၊ လူသားလေ။

သီအန်းလည်းထိုနေရာမှာရှိသည်။ ထိုစဥ်သူကဝမ်းဟောင်ယွီနှင့်ဟဲ့ရှောင်းဘေးကိုတိုးဝှေ့ကာအံ့သြတကြီးဆိုလာသည်။
"ဝေါင်း၊ ဒီပုရွက်ဆိတ်မျိုးနွယ်ကောင်ချောလေးကအန္တရာယ်ပဲ။ သူကမင်းတို့ရဲ့ဒဏ်ရာရထားတဲ့မာရှယ်ကိုတကယ်ကြီးစိန်ခေါ်လိုက်တာပဲ။"

ဝမ်းဟောင်ယွိကသူ့ကိုလှည့်ကြည့်လိုက်မိပြီးအရှေ့ကိုပြန်ကြည့်လိုက်မိသည်။

သီအန်း: "ဆိုတော့မင်းတို့မာရှယ်ကငါနဲ့မဟာမိတ်ဖွဲ့ဖို့စီစဥ်နေပြီလား။ ဒီပုရွက်ဆိတ်မျိုးနွယ်ကကောင်ချောလေးကရှင်းရမလွယ်မှန်းငါသိတယ်။ သူကအရှင့်အာရုံကိုဆွဲဆောင်ချင်နေတာဖြစ်ရမယ်..."

ဝမ်းဟောင်ယွိကူကယ်ရာမဲ့သွားကာအသံတိုးတိုးနှင့်-
"မာရှယ်ကဒါကိုလုံးဝဂရုမစိုက်ပါဘူး။"

ဒါပေမဲ့သီအန်းပြောသလိုပဲ၊ မာရှယ်ကဒဏ်ရာရထားတဲ့အပြင်သူ့စိတ်စွမ်းအားကိုဇာ့ဂျ်ဘုရင်ကလျှပ်စစ်လက်ထိပ်နဲ့ချုပ်ထားတာ။ အခုဆိုသူပုရွက်ဆိတ်ကောင်လေးကိုမရိုက်နိုင်လောက်ဆိုပေမဲ့ဇာ့ဂျ်ဘုရင်ကတောင်းဆိုလိုက်ရင်....

ဒါကိုတွေးမိတော့သူနှင့်ဟဲ့ရှောင်းတို့နှစ်ယောက်လုံးဟော့ရှီစစ်ကိုစိတ်ပူတကြီးကြည့်လိုက်မိသည်။

လင်ခုံးလုလည်းအလွန်အံ့သြသွားကာဟော့ရှီစစ်ကိုလှည့်ကြည့်လိုက်မိသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now