[၂၃၂] ရှုံးနိမ့်သွားသောမာရှယ်။

Start from the beginning
                                    

"အင်း၊ မင်းတို့တကယ်တုံးအမှန်းငါသိလိုက်လို့ ရည်ရွယ်ချက်ကောင်းနဲ့မဟာဖိတ်လာဖွဲ့တာနော်။ ငါ့လိုမျိုးစိတ်ထားကောင်းတဲ့ဇာ့ဂျ်ကသိပ်ရှိတာမဟုတ်ဘူး။ ပြီးတော့မင်းတို့လူသားတွေမှာ'အချိန်ရောက်လာရင်လက်လွှတ်ရမယ်'ဆိုတဲ့အဆိုရှိတဲ့မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ်မင်းတို့ထွက်ပြေးလို့မှမရတာကို အရှင့်ကိုကောင်းကောင်းခံစားရမယ်မလား။"

ဝမ်းဟောင်ယွိဇဝေဇဝါဖြစ်သွားရကာသူ့ပါးစပ်ထဲကိတ်မုန့်နောက်တစ်တုံးထိုးထည့်ပြီးအကြံပေးလိုက်သည်။
"မြန်မြန်စား။" စကားမပြောနဲ့တော့။

မင်းဘာတွေပြောနေတာတုန်း? သူတို့မာရှယ်ကဘယ်လိုလုပ်ပြီးဇာ့ဂျ်ဘုရင်ကိုကြိုက်မှာတုန်း?

မျက်နှာသာရဖို့အတွက်ယှဥ်ပြိုင်ရအုံးမယ်? ဘုရင်အိုကြီးသေသွားရင်ဒီကိစ္စဖြစ်လာမှာမဟုတ်ဘူး။

သီအန်းမှာသူသူ့ပြောစကားကိုနားမထောင်မှန်းတစ်ချက်ကြည့်ရုံနှင့်သိလိုက်ပြီး မနေနိုင်ဘဲခေါင်းခါလိုက်မိသည်။
"ကောင်းမွန်တဲ့စကားလုံးတွေကလူဆိုးတစ်ယောက်ကိုနားမချနိုင်ဘူးပဲ။"

ထိုသို့ပြောပြီးနောက်သူ့လက်ထဲကကိတ်မုန့်ကိုလက်စသတ်လိုက်ပြီးပါးစပ်သုတ်ကာထရပ်ပြီး သူနှင့်ကိတ်မုန့်နှစ်တုံးယူကာထွက်သွားသည်။

ဝမ်းဟောင်ယွိ: "......" ဒီဇာ့ဂျ်လေးကလူသားဆိုရိုးစကားတွေအများကြီးလေ့လာထားတာပဲ။

ခဏကြာတော့ဟဲ့ရှောင်းထွက်လာပြီးသူစားပွဲပေါ်ကိတ်မုန့်စများကိုရှင်းနေတာမြင်တော့ထူးဆန်းစွာမေးလာသည်။
"မင်းတို့စကားပြောခဲ့သေးတာလား။ ဘာအကြောင်းပြောခဲ့တာလဲ။"

ဝမ်းဟောင်ယွိချက်ချင်းမတ်မတ်ရပ်ကာကိစ္စကိုတင်ပြလိုက်သည်။

ဟဲ့ရှောင်းကလက်ဝှေ့ရမ်းသည်။
"မင်းအဲ့လောက်လေးနက်နေစရာမလိုပါဘူးကွာ။"

ဒါကိုကြားတော့သူပါးစပ်ထောင့်တွန့်သွားပေမဲ့တွေးကြည့်လိုက်ပြီးမှပြောလိုက်သည်။
"မင်းမာရှယ်ကိုဒီကိစ္စပြောရမယ်နော်။"

ဝမ်းဟောင်ယွိ: "?" မာရှယ့်ကိုနန်းတော်ထဲမှာတကယ်တိုက်ခိုက်စေချင်တာလား။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now