[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။

Start from the beginning
                                    

သံသယရှိပေမဲ့သက်သေမရှိဘူး။

ဒါပေမဲ့ဇာ့ဂျ်ဘုရင်မဖြစ်တဲ့သူကအကျဥ်းသားထွက်ပြေးဖို့ကြံနေတာလို့သံသယဝင်သွားရင်သက်သေလိုမယ်တဲ့လား။

လင်ခုံးလုခြေဖျားထောက်ရပ်ကာဟော့ရှီစစ်နားတိုးကပ်သွားလိုက်ပြန်သည်။ အေးစက်စက်သတ္ထုမျက်နှာဖုံးကသူ့နှာဖျားကိုထိကပ်လုမတတ်ဖြစ်သွားပြီး သူနူးညံ့စွာတီးတိုးပြောလိုက်သည်။
"မာရှယ်ကမရိုးသားဘူးပဲ။ ကြည့်ရတာတော့ကိုယ်တော်မင်းအပေါ်နည်းလမ်းတစ်ခုခုသုံးဖို့လိုတဲ့ပုံပဲ။"

ဟော့ရှီစစ်မျက်မှောင်ကြုတ်မိသည်။ သူတို့အရမ်းနီးကပ်နေလို့ သူတစ်ဖက်လူရဲ့ခပ်ဖျော့ဖျော့ကိုယ်သင်းရနံ့ကိုတောင်ရလိုက်တယ်။

ဟက်၊ ဘာလို့ဇာ့ဂျ်ဘုရင်မှာကိုယ်သင်းရနံ့ရှိနေတာလဲ။

သူပင့်သက်ရှိုက်နိကာလက်မြှောက်ပြီးတစ်ဖက်လူကိုတွန်းဖယ်လိုက်ပေမဲ့...သူတွန်းဖယ်မရပေ။

ဟော့ရှီစစ်၏မျက်နှာရုပ်ဆိုးသွားပြီး သူအတတ်နိုင်ဆုံးကြိုးစားခေါင်းစောင်းရုံသာတတ်နိုင်သည်။

လင်ခုံးလုတခစ်ခစ်ရယ်မောလိုက်ပြီးနောက်ဆုံးမှာအကွာအဝေးခြားလိုက်သည်။

သူဆ​က်သွယ်ရေးစက်၏ငွေရောင်ကြိုးကိုသူ့လက်ချောင်းမှာအကြိမ်အနည်းငယ်ရစ်ပတ်လျက် ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ငါဒါကိုသီအန်းကိုပြန်ပေးလိုက်မယ်။ မာရှယ်ကတော့.....မင်းငါ့ရဲ့အပြစ်ဒဏ်ကိုမကြာခင်သိရမှာပါ။"

ထို့နောက်သူဆက်သွယ်ရေးစက်ကိုလက်ထဲမှာထိုင်ကာစိတ်ကောင်းဝင်စွာသီချင်းညည်းရင်းထွက်သွားလိုက်သည်။

ဟော့ရှီစစ်မှာသံစဥ်ကအကြောင်းမဲ့ရင်းနှီးသည်ဟုခံစားလိုက်ရပေမဲ့....ဒါကဒီအကြောင်းတွေးရမဲ့အချိန်လား။

သူမျက်မှောင်ကြုတ်လိုက်မိသည်။

ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိမှာလင်ခုံးလုဘယ်သူ့ကိုမစားတဲ့အပြင်ဒေါသမထွက်ဘဲထွက်သွားတာမြင်တော့မနေနိုင်ဘဲသက်မချလိုက်မိပေမဲ့ခဏကြာတော့သူတို့ထူးထူးဆန်းဆန်းခံစားလိုက်ရသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now