[၂၂၃] Arc|10| ရှုံးနိမ့်သွားသောမာရှယ်။

Start from the beginning
                                    

အရင်ဘဝမှာရေဘဝဲအဖြစ်ပြောင်းပြီးနောက် မိစ္ဆာနတ်ဘုရားရွှီယန့်မှာကျွန်းတစ်ကျွန်းလောက်ကြီးသည်။ သူသာဒီကမ္ဘာကသူ့ဆီရောက်လာရင် သူဟာရေဘဝဲငယ်လေးသာဖြစ်လိမ့်မည်ပင်။

သို့သော်လည်းသူဟာအံ့သြမှင်သက်ဖွယ်ကောင်းပုံပေါ်သော်ငြား ဒီကမ္ဘာငယ်လေးမှာတော့သူ့လိုမျိုးဘုရင်ဟာအမြှောက်စာဇာတ်ကောင်ဗီလိန်မျှသာဖြစ်သည်။

ဒီကမ္ဘာကဇာတ်လိုက်မှာဟော့ရှီစစ်.ခိုင်လန်၊ ခုနကသတင်းထဲမှာဖော်ပြခံထားရသည့်တော်ဝင်မာရှယ်ဖြစ်ပြီး တကယ့်ဗီလိန်အစစ်ကအင်ပါယာတော်ဝင်မိသားစုဖြစ်သည်။

အင်ပါယာ၌ ယခင်ဧကရာဇ်၏သွေးနားထင်ရောက်မှုကြောင့် တိုင်းပြည်ကိုပျက်စီးစေသည်အထိဖြစ်သွားစေခဲ့ပြီး လူတို့ကိုပုံစံပြောင်းသွားစေခဲ့သည်။ ဒီနေ့ခေတ်တော်ဝင်မိသားစုမှာအာဏာသိပ်မရှိဘဲ ဧကရာဇ်မှာလာဘ်ကောင်နှင့်ပိုတူသည်။

သို့သော်အင်ပါယာ၏လက်ရှိဧကရာဇ်အိုကြီးမှာတစ်ချိန်လုံးလာဘ်ကောင်အဖြစ်နေဖို့ဆန္ဒမရှိပေ။ သူဟာတော်ဝင်မိသားစုတစ်ခါကပိုင်ဆိုင်ခဲ့ဖူးသည့်ဂုဏ်ကျက်သရေကိုပြန်ယူပြီး သူ့ခမည်းတော်လိုမျိုးအာဏာကိုဆုပ်ကိုင်ထားချင်သည်။

ဧကရာဇ်အိုကြီး၏အမြင်တွင် သူ့ရည်မှန်းချက်ပန်းတိုင်ကိုမရောက်စေနိုင်သည့်အကြီးမားဆုံးအတားအဆီးမှာအာဏာ၌ပါလီမန်ကိုအမြဲထောက်ပံ့ပေးနေသည့်တော်ဝင်မာရှယ်ဟော့ရှီစစ်ဖြစ်သည်။

သို့သော်ဟော့ရှီစစ်ကိုရှင်းပစ်ရမလွယ်။ သူဟာအင်ပါယာအတွက်နှစ်ပေါင်းများစွာတိုက်ခိုက်ပေးခဲ့သည်။ စစ်တပ်နှင့်လူများကြားမှာအလွန်ဂုဏ်သတင်းထွန်းတောက်ကာ စစ်တပ်အာဏာကိုဆုပ်ကိုင်ထားသည်။

အင်ပါယာအိုကြီးမှာစပိုင်လွှတ်ခြင်း၊ အလှလေးများလွှတ်ခြင်း၊ လုပ်ကြံသူများလွှတ်ခြင်း၊ ဂုဏ်သတင်းကိုဖျက်ဆီးပစ်ခြင်းအစရှိသဖြင့်အပါအဝင်နည်းလမ်းများစွာလုပ်ခဲ့ပေမဲ့အကုန်လုံးကအနည်းငယ်သာအောင်မြင်မှုရှိသည်။

အဆုံးသတ်မှာတော့သူရိုးရိုးလေးအပြင်ထွက်ကာရှေ့တန်းမှာဟော့ရှီစစ်ကိုသတ်ရန်ဇာ့ဂျ်နှင့်ပူးပေါင်းခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now