[၂၀၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

သူစောင့်နေခဲ့ရတာကြာပြီ၊ သူပိုစိတ်ရှည်ရှည်ထားရလည်းကိစ္စမရှိဘူး။ တကယ်ကိစ္စမရှိတာ။

ဒါပေမဲ့စုန့်လင်ရောက်လာရင် သူကရွှီယန့်ဆိုတာသခင်လေးကိုသေချာပေါက်ပြောပြမှာပဲ။ ဒါကသေချာတယ်။ သခင်လေးဘာကိုရွေးမှာလဲ။

ရွှီယန့်၏မျက်လုံးများနက်မှောင်သွားကာသူရုတ်တရက်ချိုးလိုက်သည့်သစ်ကိုင်းကိုဖြည်းဖြည်းချင်းအမှုန့်ချေလိုက်သည်။

မတော်တဆမြင်လိုက်တဲ့လင်ခုံးလု: "......" ဒါကလူသတ်တာနဲ့တူတူပဲလို့တွက်လို့ရလား။

အမှန်တော့လင်ခုံးလုကလည်းရွှီယန့်နှင့်စုန့်လင်ကိုတိတ်တခိုးစူးစမ်းနေတာဖြစ်သည်။ စုန့်လင်၏"လှောင်အိမ်လှလှလေး"ဆိုသည့်စာသားကတစ်ခုခုကိုဆိုလိုမှန်းသိသာလှသည်။ ရွှီယန့်ဒါကိုကြားတုန်းက သူ့မျက်နှာချက်ချင်းအေးစက်သွားခဲ့သည်။

ဒီတော့"လှောင်အိမ်"ကဘာကိုဆိုလိုတာလဲ။ ရဲတိုက်ထဲမှာဘယ်သူ့ကိုအကျဥ်းချထားလို့လဲ။ ရဲတိုက်ထဲမှာကျန်နေခဲ့တဲ့အိမ်တော်ထိန်းရှပူးအာလား။ ဒါမှမဟုတ်ထွက်ပြေးဖို့အချိန်မရလိုက်တဲ့အစေခံတွေလား။ သူငါ့ကိုပြောနေတာတော့မဟုတ်ဘူးမလား။

ပြီးတော့စုန့်လင်ကဘာလို့ဂိမ်းထဲမှာပေါ်လာတာလဲ။ သူကဒေတာလား၊ လက်တွေ့ကစုန့်လင်လား။ ခြုံပြောရရင်ရိုးရှင်းပုံမပေါ်ဘူး။

ကစားသမားများဟာလည်းတွေးနေကြသည်။ မိစ္ဆာနတ်ဘုရားကရဲတိုက်ကိုပိတ်လှောင်လိုက်တာဘာသဘောလဲ။ အခုဆိုအဖွဲ့ထဲမှာမိစ္ဆာနတ်ဘုရားရော၊ သိသိသာသာကိုမရိုးရှင်းတဲ့စုန့်လင်ပါရှိနေတာ၊ နှစ်ယောက်လုံးကမတည်ငြိမ်တဲ့ဇာတ်ကောင်တွေဖြစ်ပြီးတော့ရှင်းရခက်တယ်။

*

လူတိုင်းမှာကိုယ်ပိုင်အတွေးရှိနေကြပြီး သူတို့မနေ့ညကအနားယူခဲ့သည့်နေရာကိုပြန်သွားလိုက်သည်။

ဒီနေရာကမြေပြင်အနေအထားမှာမြင့်ပြီးကမ်းစပ်နှင့်နီးတာမို့ မိမိပတ်ဝန်းကျင်ကိုအမြဲအာရုံစိုက်လို့ရသည်။

ရွှီယန့်ကဂရုမစိုက်ဘူးဟုထင်ပေမဲ့သူကလင်ခုံးလု၏လက်ကိုတစ်လမ်းလုံးကိုင်ထားပြီး သူ့ကိုတင်းတင်းဆွဲထားကာ စုန့်လင်အခြေအနေကိုအခွင့်ကောင်းယူဖို့အခွင့်အရေးရသွားမှာကိုကာကွယ်ထားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now