[၂၀၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

Hostကသူ့ကိုတုံးတယ်လို့ပြောတယ်။ သူဘယ်မှာတုံးလို့လဲ။

လင်ခုံးလု: "ကစားသမားတွေကကော?"

0687: "ဒါပေါ့၊ ကြယ်စုခေတ်ကပုံရိပ်ယောင်ဂိမ်းလိုမျိုး အသိစိတ်ကဂိမ်းထဲဝင်သွားတာလေ။"

လင်ခုံးလု: "....." ဒေတာကအသိစိတ်ကိုပြန်ပြင်ပေးတယ်ပေါ့?

နေအုံး၊ သူတစ်ခုခုနားလည်သွားသလိုပဲ။

သူတွေးလိုက်ရုံသာရှိသေး၊ ရွှီယန့်ကယန်ဖုန်းကိုစကားပြောပြီးနောက်ပြန်ရောက်လာသည်။

တစ်ဖက်လူကသူ့ဆီတိတ်တိတ်လေးလျှောက်လာပြီးသူ့ဘေးမှာဝင်ထိုင်ပြီးနောက်ဘေးကိုလှည့်ကာအကျီလုံးကိုသူ့ရင်ခွင်ထဲတိတ်တခိုးတွန်းထည့်လိုက်သည်။

လင်ခုံးလု: "?" ပြန်လာရကောင်းမှန်းသိသေးတယ်ပေါ့၊ သူကငါ့ဘေးမှာမရှိချင်တော့ဘူးပေါ့လေ?

သူ့ကိုလမ်းထွက်လျှောက်ဖို့ချီသယ်လာတဲ့ရွှီရှောင်ဟွားကပန်းကလေးမဟုတ်တော့ဘဲပန်းရိုင်းဖြစ်သွားပြီ။

သခင်လေးကစိတ်ကောက်နေတုန်းပင်။ သူရွှီယန့်၏လှုပ်ရှားမှုကိုသတိထားမိသွားတော့ သူ့ကုတ်အကျီကိုတင်းတင်းခြုံကာဘေးကိုရွှေ့ပြီးတစ်ဖက်လူ၏လက်ကိုတမင်ရှောင်လိုက်သည်။

ရှီယန့်မသိမသာတန့်သွားကာ ၎င်းကအိပ်မက်ထဲမှာသတိမရှိသောလှုပ်ရှားမှုဟုတွေးလိုက်ပြီး ရှေ့ကိုကိုင်းလိုက်ပြန်သည်။

သို့သော်လင်ခုံးလုကဘေးကိုရွှေ့ကာသူ့ကိုရှောင်သွားပြန်သည်။

ရွှီယန့်: "......"

သခင်လေးကအိပ်ပျော်မနေဘဲသူ့ကိုစိတ်ကောက်နေတယ်ဆိုတာသူသိလိုက်ပြီ။

သူခပ်ဖွဖွမေးလိုက်သည်။
"အေးတယ်ဟုတ်? မင်းကိုယ့်ရင်ခွင်ထဲမှာမနေချင်ရင်...."

"မအေးဘူး၊ ငါအိပ်နေပြီ၊ ဆူညံပူညံလာမလုပ်နဲ့။"
သခင်လေးကသူထင်ထားသလိုမျိုးအိပ်ပျော်မနေဘဲခဏကြာတော့ဒေါသတကြီးဆိုလာလေသည်။

ရွှီယန့်တိတ်ကျသွားပြီးမှ သူ့ဇနီးထံမှတံခါးအပြင်ကိုမောင်းထုတ်ခံထားရသည့်သနားစရာခင်ပွန်းပမာ တိတ်တိတ်လေးတိုးကပ်သွားပြီး အက်ရှရှပြောလိုက်သည်။ "ဒါပေမဲ့ကိုယ်အေးတယ်လေ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now