[၂၀၆] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

သူ့မှာအချိန်သိပ်မရှိဘူး၊ သူသိပ်အများကြီးမလိုချင်ပါဘူး။ သူဒီတစ်လအတွင်းမှာသခင်လေးနဲ့အတူရှိချင်ရုံပဲ။ ဒီတော့သခင်လေးသဘောကျသရွေ့ သူအရာအားလုံးကိုကျေနပ်အောင်အကောင်းဆုံးကြိုးစားလုပ်ပေးမှာပဲ၊ သူ့ကိုသတ်ချင်တဲ့ဒီကစားသမားတွေကိုကျွန်းပေါ်မှာဟိုပြေးဒီပြေးခွင့်ထားလိုက်မယ်။

ဒါပေမဲ့ဒီကစားသမားအုပ်စုကသခင်လေးကိုမျက်စိမကျခဲ့သင့်ဘူး။ ဒီကစားသမားတွေကလယ်ဗယ်ကိုရှင်းဖို့သခင်လေးကိုအသုံးချချင်တာကိုသူမမြင်ဘူးမထင်နဲ့၊ လယ်ဗယ်ကိုရှင်းတာကသူ့ကိုသတ်တာလို့ဆိုလိုတာပဲ။

ခန္ဓာကိုယ်ကို​ပြုပြင်ပေးနိုင်တဲ့ဆေးရည်တွေလည်းရှိသေးတယ်။ အဲ့ဒါတွေကခန္ဓာကိုယ်ကိုပြုပြင်နိုင်တယ်လို့ကစားသမားတွေထင်နေကြတာ။ တကယ်တော့နည်းနည်းပဲသုံးရင်ဘာမှမဖြစ်ပေမဲ့အများကြီးသုံးလိုက်ရင်ကောင်းတဲ့အရာမဟုတ်ဘူး။

ဒီရှုထောင့်ကကြည့်ရင် ပင်မနတ်ဘုရားကလူကောင်းမဟုတ်ဘူး။ သူကသူ့ကိုသတ်ဖို့အရူးတစ်အုပ်ကိုတစ်အုပ်ပြီးတစ်အုပ်အရူးလုပ်နေတာပဲ။

ရွှီယန့်မျက်လွှာအသာချကာသူ့မျက်ဝန်းထဲကအမှောင်ထုကိုဖုံးကွယ်လိုက်သည်။

ယန်ဖုန်းနှင့်အခြားသူများကတစ်ညနေဖို့သင့်တော်သည့်နေရာတစ်ခုကိုခပ်မြန်မြန်ရှာတွေ့သွားသည်။ ဟယ်ခွင်းသေသွားပြီမှန်းသူတို့မသိတော့ ကျွန်းသူကျွန်းသားများမတွေ့အောင်မီးစာမလှုံလိုက်ပေ။

မနက်ကယန်ဖုန်းနှင့်ယန်ရှီးချွမ်းတို့အပြင်ထွက်သွားတုန်းက ဖြစ်ချင်တော့သူတို့အိတ်များသယ်သွားခဲ့ကြသည်။ ဒီအချိန်မှာ သူတို့ကအိတ်ထဲမှအင်းဆက်သတ်ဆေးမှုန့်တချို့ထုတ်ပြီး ဟိုနားဒီနားဖြန်းလိုက်သည်။ သူတို့အိတ်ထဲကစောင်များထုတ်ချင်ယောင်ဆောင်လိုက်ပေမဲ့ အမှန်တော့နေရာလွတ်ထဲကထုတ်ပြီး မိမိကိုယ်ကိုပတ်လိုက်ကြသည်။

လင်ခုံးလု: "....." မင်းတို့တကယ်ကြီးဖုံးကွယ်မထားဘူးပဲ။ မင်းတို့ကျောပိုးအိတ်ကဒိုရေမွန်အိတ်ကပ်လို့ထင်နေတာလားဟ?

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now