[၁၉၉] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

"ပြီးတော့ကျွန်းပေါ်မှာလူသတ်မှုတွေခဏခဏဖြစ်နေတာ၊ ကျွန်းပေါ်မှာရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီးလူတွေရဲ့နှလုံးသားကိုတည်ငြိမ်အောင်လုပ်နိုင်တဲ့ကျောထောက်နောက်ခံရှိမှရမယ်။ သခင်လေးကဘာမှမလုပ်တတ်ဘူးဆိုတော့ အခုဆိုလောင်ယောင်းကမဏ္ဍိုင်ဖြစ်သွားပြီ။ ဒါပေမဲ့မင်းတို့ကဒီလိုလုပ်နေတော့ သူ့အလုပ်ကိုဒုက္ခပေးနေသလိုမဖြစ်သွားဘူးလား။ ပြီးတော့မင်းတို့ကရဲတိုက်ထဲမှာနေနေတာ၊ မင်းတို့ဒီလိုဆက်လုပ်နေမယ်ဆို သခင်လေးနဲ့ငါဒုက္ခဖြစ်ရပါလိမ့်မယ်...."

သူ့စကားလုံးများမှာတကယ်ရိုးသားစစ်မှန်မှုရှိသည်။

ဒါကိုကြားတော့ကစားသမားများရင်ထဲမှာအနည်းငယ်ထူးဆန်းသွားရသည်။ အိမ်တော်ထိန်းနှင့်လောင်ယောင်းကသဘောတူထားသလိုမျိုးပင်။ တစ်ယောက်ကလူကောင်းလုပ်၊ နောက်တစ်ယောက်ကလူဆိုးလုပ်မယ်၊ သူတို့ကနူးညံ့ပြီးမာထန်တဲ့နည်းဗျူဟာနှစ်ခုလုံးကိုသုံးကြလိမ့်မယ်။

ပြောစရာပင်မလို၊ ဒီနည်းလမ်းကတကယ်ထိရောက်မှုရှိသည်။ အနည်းဆုံးတော့ကစားသမားများရဲတိုက်ထဲမှာနေနေနေသည့်ဒီရက်ပိုင်းမှာ အိမ်တော်ထိန်းကသူတို့ကိုအရသာရှိသောအစားအသောက်များဧည့်ခံကျွေးမွေးထားသဖြင့် သူတို့ခဏလောက်တငယ်မငြင်းနိုင်တော့ပေ။

အဆုံးမှာတော့"လူတွေကအခြားသူတွေကိုအခွင့်ကောင်းယူနေချိန်မှာအပြောချိုသာကြသည်"ပင်၊ အထူးသဖြင့်အိမ်တော်ထိန်းကမနက်တိုင်းမှာသူတို့အတွက်ကော်ဖီကိုယ်တိုင်ကြိတ်ဖျော်ပေးသဖြင့်တကယ်ရွေးရခက်လှသည်။

ဟွမ်ကျားဝမ်ကဲ့သို့မသိမသာအရေပါးသောကစားသမားအသစ်များမှာဒီအခိုက်အတန့်တွင်အနည်းငယ်ရှက်နေပြီပင်။

သို့သော်ယွမ်ရှီးချွမ်းကတော့အရေထူသည်။ တွေးကြည့်ပြီးနောက်သူရုတ်တရက်စိတ်ကူးတစ်ခုရလာသည်။ သူသိပ်မဝေးသောနေရာကဝှီးချဲပေါ်မှာထိုင်နေသည့်လင်ခုံးလုကိုကြည့်ကာမေးလိုက်သည်။
"သခင်လေးကအပြင်သိပ်ထွက်ပုံမရဘူးနော်?"

"အာ?"

လင်ခုံးလုအလိုလိုခေါင်းမော့ကြည့်မိပြီး သူ့မျက်နှာထားမှာဇဝေဇဝါဖြစ်သွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now