ဟော်တယ်ကလည်း အလွန်ကောင်းသည်။ တစ်သင်းချင်းစီတိုင်းက နှစ်ယောက်တစ်ခန်း အခန်းကြီး တစ်ခန်းစီရသည်။ အယ်ဖာနှင့် အိုမီဂါများက အတူမနေနိုင်ချေ။ ထို့ကြောင့် အသင်း၏ စီမံခန့်ခွဲသူ ထန်းခန်းကလည်း တွေးတွေးဆဆဖြင့် ယဲ့ရှောင်းယန်အတွက် တစ်ယောက်ခန်း စီစဥ်ပေးသည်။ ထို့ကြောင့် သူက တစ်ယောက်တည်း နေနိုင်သည်။

ယဲ့ရှောင်းယန်က ထိုမြို့သို့ ပထမဦးဆုံးအ​ကြိမ် လာဖူးခြင်း ဖြစ်နေသေးပြန်သည်။ ထို့အပြင် အဆောက်အအုံများ၏ ဒီဇိုင်းကလည်း အတော်လေး ထူးခြားသည်။ သို့ရာတွင် သူက လမ်းများပေါ်ထွက်ပြီး ကြုံရာလိုက်ကြည့်ရန် စိတ်ကူးမရှိချေ။ ဒီအတိုင်း ၂၄ရက်နေ့မှ ဂိမ်းပွဲအတွက် အာရုံစိုက်ကာ ကြိုတင်ပြင်ဆင်နေပြီး စောစောအိပ်ကာ အနားယူတော့မည့် လိမ္မာသည့် လူငယ်လေးတစ်ယောက်အဖြစ်သာ ပြုမူသည်။

ဇန်နဝါရီ ၂၄ရက်နေ့တွင် ဂလာစီရာမြို့က ကြီးမာသော နှင်းမုန်တိုင်း တိုက်ခတ်သည်။ အပူချိန်ကလည်း အနုတ် ၂၀°အထိ ထိုးကျသွားသည်။

ထျန်းဟွမ်မှ ကစားသမားတိုင်းက သူတို့၏ ပုံမှန်အသင်းယူနီဖောင်းအပေါ်တွင် ခက်ထူထူ ကုတ်ကြီးများ ဝတ်ထားရသည်။ သူတို့က ပြဇာတ်ရုံသို့ ရောက်သွားသောအခါ ပွဲကြည့်စင်များတွင်လည်း လူများ ရှိနေကြပြီဖြစ်သည်။ ရှုံးထွက်ပွဲစဥ်နည်းတူ စင်ကမပြည့်နေသော်လည်း ခုံ၏ ၅၀%ကျော်ခန့်က လူပြည့်နေသည်။ ဒါက ယဲ့ရှောင်းယန်၏ မျှော်လင့်ထားမှုကိုပင် ကျော်လွန်သွားသေးသည်။

"ဒီလောက်အေးနေတာ ၊ ဒါက group b က အဖွဲ့တွေကြားက သာမန် seasonရဲ့ ပွဲပဲမဟုတ်ဘူးလား၊ ဒီလောက် လူတွေအများကြီး ရောက်နေမယ်လို့တောင် မထင်ထားဘူး"

ယဲ့ရှောင်းယန်က သူ၏ အပေါ်ဂျာကင်ကို ချွတ်နေရင်း နည်းပြကို ပြောသည်။ ပြဇာတ်ရုံထဲသို့ ရောက်သွားသောအခါ ပူလာသောကြောင့်ဖြစ်သည်။

နည်းပြလင်းက ရယ်လိုက်သည်။

"ဘယ်အသင်းရယ်မှ မဟုတ်ဘဲ ဒီတိုင်း လိုက်ကြည့်တဲ့ ကြည့်ရှုသူတွေ ရှိတတ်တာပါပဲ၊ သူတို့က ဒီတိုင်း esportကို ကြည့်ချင်တာ၊ onlineမှာလည်း သူတို့အာကျယ် အာကျယ်နဲ့ trollလုပ်လို့ရတာပေါ့၊ ဒါပေမဲ့ တကယ်တော့ တိတ်တဆိတ်ရောက်လာပြီး ပွဲကြည့်လို့ အဖွဲ့ချုပ်ကို ထောက်ပံ့တဲ့ လူတွေကလည်း ရှိတာပါပဲ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now