[၁၉၈] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

ဦးလေးယောင်းကဆေးလိပ်ငွေ့အရှည်ကြီးမှုတ်ထုတ်ကာဆိုသည်။
"မနေ့ကလေအရမ်းထန်နေတာ။ မင်းယောကျာ်းပင်လယ်ထဲလွင့်သွားတာနေမယ်။ တိုင်ဖွန်းမုန်တိုင်းတိုက်နေတုန်းအပြင်မထွက်ရဘူးလို့မပြောခဲ့ဘူးလား။"

အမျိုးသမီးကခေါင်းငုံ့ထားကာဘာမှမပြောရဲပေ။

ပြောပြီးနောက်ဦးလေးယောင်းကအခုမှရောက်လာသည့်ရဲတိုက်ပိုင်ရှင်လင်ခုံးလုကိုမကြည့်ဘဲ ကျွန်းသူကျွန်းသားများ၏ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့မှသက်လတ်ပိုင်းရွယ်အမျိုးသားတစ်​ယောက်ကိုသြရှရှအသံဖြင့်အမိန့်ပေးလိုက်သည်။
"ဟယ်ခွင်း၊ လူတွေကိုကမ်းခြေကိုခေါ်သွားပြီးသွားရှာချေ။"

ဟယ်ခွင်းကချက်ချင်းခေါင်းငြိမ့်သဘောတူကာ အခုပဲပြန်ရောက်လာသည့်လူတစ်အုပ်နှင့်အတူထပ်ထွက်သွားသည်။

ဦးလေးယောင်းကသူတို့ထွက်သွားတာကိုရပ်ကြည့်နေသည်။ တစ်အောင့်ကြာရပ်ကြည့်နေပြီးမှ လင်ခုံးလုရောက်လာတာကိုအခုမှသတိထားမိသည့်အလား ရှာဖွေရေးကိုကူညီရန်လူငှားပေးသည့်အတွက်ရဲတိုက်ကိုကျေးဇူးတင်ကြောင်းယဥ်ကျေးစွာဖော်ပြလာသည်။

လင်ခုံးလုသူ့လက်ကိုဝေ့ရမ်းကာအေးစက်စက်မောက်မာစွာပြောလိုက်သည်။
"ငါတို့တွေကအိမ်နီးချင်းတွေဆိုတော့လုပ်ပေးသင့်တာပေါ့။"

ထိုသို့ပြောပြီးနောက် သူကျွန်းသူကျွန်းသားများကိုကြည့်လိုက်တော့ ခဏအကြာမှာထူးဆန်းသောဖြစ်စဥ်ကိုသတိထားမိသွားသည်။ လူတချို့ပျောက်နေပေမဲ့ ဒီကျွန်းသူကျွန်းသားများကစိတ်ပူနေပုံမရဘဲ ၎င်းတို့မျက်နှာမှာအကြောက်တရားနှင့်ထုံထိုင်းမှုတို့ပိုနေလေသည်။

ပျောက်ဆုံးသူ၏ဇနီးဖြစ်သူပင်အတူတူပင်။ သူမကဝမ်းနည်းနေပုံမရဘဲအလွန်ကြောက်လန့်နေလေသည်။

နောက်ထပ်ထူးဆန်းသောအရာမှာ ကျွန်းပေါ်တွင်ကလေးတစ်ယောက်မှရှိပုံမပေါ်။

လင်ခုံးလုမျက်မှောင်ကြုတ်ကာတွေးလိုက်မိသည်။ အရင်ဘဝကအကျဥ်းတိုက်ထဲဝင်ဝင်ချင်းနှစ်ရက်အတွင်းမှာရွှီယန်ထံမှဖမ်းဆီးခံရကာလက်တုံ့ပြန်ရန်ပိတ်လှောင်ခံခဲ့ရသည်။ လက်တုံ့ပြန်သည်ဟုဆိုပေမဲ့အမှန်တော့သူတစ်ရက်သာစိုးရိမ်ကြောက်လန့်နေခဲ့ပြီး နောက်တစ်ရက်မှာထွက်ပြေးသွားခဲ့သည်။ သူအခန်းငယ်လေးထဲကထွက်ပြေးသည်နှင့် ပန်းကိုင်းနှင့်နှလုံးထဲထိုးဖောက်ခံခဲ့ရကာ ဒီကမ္ဘာမှအောင်အောင်မြင်မြင်လွတ်မြောက်သွားခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now