[၁၉၅] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

တစ်ဖက်လူ၏ဒဏ်ရာမရထားသောခြေသလုံးကလေထဲမှာချိတ်ထားပြီး နူးညံ့ညံ့ပိုးသားဘောင်းဘီကဒူးဆစ်ထိလျှောကျနေကာ လှပသောလှိုင်းနှင့်နှင်းပမာအသားအရည်ကိုပေါ်ထွက်လို့နေကာ မျက်စိကျိန်းဖွယ်ကောင်းအောင်ဖြူဖွေးလျက်ရှိသည်။

ရွှီယန့်၏မျက်လုံးများမှာမည်းမှောင်သွားပြီး သူလက်မြှောက်ကာခါးပတ်ပေါ်တင်ပြီး သူ၏လှုပ်ရှားမှုများမှာနှေးကွေးပေမဲ့မထင်မှတ်ထားအောင်သွေးဆောင်ဖြားယောင်းလို့နေသည်။

မသိမသာဆူညံသံကြားတော့ လင်ခုံးလုပုံပြင်ထဲမှအသိပြန်ဝင်လာကာ အသံလာရာဘက်ကိုလှည့်ကြည့်မိတော့ သူဟာဘယ်တုန်းကမှန်းမသိဘောင်းဘီချွတ်ပြီးနေပြီး သူ့လက်ချောင်းများကအကျီကော်လာကြယ်သီးများပေါ်မှာရှိနေပြီဖြစ်ကာ သူ့ကိုစိုက်ကြည့်နေပြီး သူ့မျက်လုံးများကနက်ရှိုင်းလို့နေကာ သူ၏လည်ဇလုပ်ကလှိမ့်သွားပုံပေါ်တာကိုမြင်လိုက်ရသည်။

သူ့လက်ချောင်းထိပ်များမှာသွယ်လျကာလှပပြီး အကျီကြယ်သီးများပေါ်မှာတင့်တယ်စွာကခုန်လို့နေကာ မျက်စိတစ်မှိတ်အတွင်းတစ်လုံးဖြုတ်လိုက်သည်။

လင်ခုံးလုတောင့်တင်းသွားရကာ ခပ်မြန်မြန်ပုံပြင်စာအုပ်ကိုကိုင်ကာသူ့မျက်လုံးကိုအုပ်ပြီးပြောလိုက်သည်။
"တော် ရပြီ။ အကျီကနံရံပေါ်ကမိုးရေကိုမထိထားတော့ ချွတ်ဖို့မလိုဘူး။"

ရွှီယန့်လှုပ်ရှားမှုပြုလိုက်ပြီးနောက် သူ့မျက်နှာအနည်းငယ်ရုပ်ဆိုးသွားရသည်။

လတ်စသတ်တော့သခင်လေးကသူနံရံကိုတွယ်တက်နေတုန်းစိုသွားတယ်ထင်လို့ သူ့ကိုအဝတ်ချွတ်ခိုင်းခဲ့တာပေါ့? သူထင်သလို...မဟုတ်ဘူးပေါ့?

သူတိတ်တခိုးအံကြိတ်လိုက်မိကာမျက်နှာသေဖြင့်ပြောလိုက်သည်။
"သခင်လေးမှားနေပြီ။ ဒီရှပ်ကလည်းမိုးရေစိုနေတယ်။"

လင်ခုံးလု: "ဟင်?"

သူအနည်းငယ်ကြက်သေသေသွားရကာ သူမတုံ့ပြန်နိုင်ခင် ရွှီယန့်၏လက်ချောင်းများကပျံလွှားသွားကာ ကြယ်သီးအကုန်လုံးဖြုတ်ပြီးသွားတာကိုမြင်လိုက်ရသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now