[၁၉၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

ရွှီယန့်ကတံခါးပိတ်ပြီးနောက် ဒီဘက်လှည့်ကာ သူ့အကျီကိုမျက်နှာသေဖြင့်ကြယ်သီးစဖြုတ်ရင်း သူ့ဆီတစ်လှမ်းချင်းစီလျှောက်လာသည်။

လင်ခုံးလု: !!!

"မင်း မင်းဘာလုပ်မလို့လဲ။"
လူငယ်လေးမှာစိုးရိမ်ကြောက်လန့်သွားကာ အတတ်နိုင်ဆုံးကြိုးစားပြီးထိုင်ခုံထဲကျုံ့ဝင်လိုက်မိသည်။

ရွှီယန့်ကရှပ်အကျီကိုသေသပ်စွာချွတ်လိုက်ပြီး သူ့ဆီလျှောက်လာကာ သူ့ကိုမျက်ဝန်းနက်များဖြင့်ကြည့်လာပြီး ၎င်းမှာကြယ်များနှင့်ပြည့်နေသည့်ညကောင်းကင်ယံပမာ အလှမ်းဝေးကာနားလည်ရခက်လှသည်။

လင်ခုံးလုမှာငှက်ကုလားအုတ်ပမာမျက်စိမှိတ်လိုက်မိပြီး သူ့မျက်နှာကိုထိုင်ခုံအနောက်ထဲနှစ်ကာကိုယ်ကိုကွေးလိုက်သည်။

ရွှီယန့်ကရုတ်တရက်လက်မြှောက်ကာသူ၏နူးညံ့သောဆံပင်ကိုထိပ်ကိုဖိကိုင်ပြီး သူ့ကိုအတင်းမျက်နှာမော့စေကာတည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"သခင်လေးကရေချိုးခန်းထဲခေါ်သွားစေချင်တာမဟုတ်ဘူးလား။"

လင်ခုံးလု: ဟွန်?

သူတိတ်တိတ်လေးမျက်စိတစ်ဖက်ဖွင့်ကြည့်မိတော့ ရွှီယန့်၏မျက်နှာသေရှိနေသောမျက်နှာချောချောဘက်အခြမ်းနှင့်ဆုံသွားသည်။ သူနောက်မျက်စိတစ်ဖက်ပါဖွင့်ကာ သူ၏နက်ရှိုင်းသောအကြည့်နှင့်ဆုံလိုက်သည်။

လင်ခုံးလုသက်မချမိကာတွေးလိုက်မိသည်။ လှုံ့ဆော်မှုကမသက်ရောက်တာမဟုတ်တဲ့ပုံပဲ။

သူရုတ်ခြည်းပိုမိုယုံကြည်မှုရှိသထက်ရှိလာလေသည်။ သူမတ်မတ်ထိုင်ကာပြောလိုက်သည်။
"ဘယ်သူပြောလဲ။ ငါမင်းကိုမလိုဘူး၊ ငါပြုစုစောင့်ရှောက်သူငှားဖို့စီစဥ်ထားပြီး..."

"ဘာလို့နီးရာကိုလျစ်လျူရှုပြီးဝေးရာကိုသွားရှာမှာလဲ။"
သူစကားမဆုံးသေးခင် ရွှီယန့်ကဖြတ်ပြောလာသည်။

တစ်ဖက်လူကသူ့ကိုနင့်နင့်နဲနဲကြည့်ကာတစ်လုံးချင်းစီပြောလာသည်။
"ကျွန်တော်အလုပ်နှစ်လုပ်လုပ်ပြီး လစာတစ်ခုပဲယူလို့ရတယ်။ သခင်လေး၊ ဘာလို့အဲ့ကုန်ကျစရိတ်ကိုမချွေတာလိုက်တာလဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now