[၁၈၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

Start from the beginning
                                    

သူကဒီအုပ်စု၏ခေါင်းဆောင်ဖြစ်ချင်ပုံရပေမဲ့သူပြောတာနားထောင်ပြီးမှ အကန့်အသတ်မရှိတဲ့ကျည်ဆန်များကိုအမှတ်နှင့်လဲလှယ်ရမည်မှန်းသဘောပေါက်သွားသည့် လူ၈ယောက်ထဲက၂ယောက်မှာချက်ချင်းကြောင်အသွားကြသည်။

ဇဝေဇဝါအကြည့်နှင့်လူတစ်ယောက်ကိုမြင်တော့ ချန်ပေါ်မှာမနေနိုင်ဘဲပြောမိသည်။
"မင်းတို့ထဲမှာလူသစ်ရှိလို့လား။"

ကျောင်းသူကျောင်းသားနှင့်တူသောဟွမ်ကျားဝမ်နှင့် မျက်မှန်နှင့်ပိန်ပါးပါးကောင်လေးတစ်ယောက်ကတုန်တုန်ရီရီလက်မြှောက်ကာတီးတိုးဆိုလာကြသည်။
"ကျွန်မ၊ ကျွန်တော်တို့ပါ။"

ထိုနှစ်ယောက်မှာတက္ကသိုလ်တစ်ခုထဲကကျောင်းသားကျောင်းသူများဖြစ်ကြပြီး သူတို့ဂိမ်းထဲဘယ်လိုဆွဲသွင်းခံလိုက်ရလဲဆိုတာနားမလည်သေးပေ။

ဒါကိုကြားတော့အခြားသူများမှာမတူညီသောမျက်နှာထားများဖြစ်သွားကြပြီး ချန်ပေါ်ကကြမ်းတမ်းသောအသံဖြင့်ဆဲရေးလိုက်သည်။
"ဘောပဲ၊ Sအဆင့်ထောင်ထဲမှာလူသစ်ရှိတယ်။ စနစ်ကလာနောက်နေတာလားဟ?"

သူ့ကြွက်သားများမှာအလွန်သန်မာထွားကြိုင်းလွန်းလှသဖြင့် သူ့အကျီပင်ပြဲသွားနိုင်သည်။

ဟွမ်ကျားဝမ်နှင့်ကုန်းဝေတို့နှစ်ယောက်လုံးမှာအားနည်းသောကျောင်းသားများပေမို့ ဒါကိုမြင်တော့ပိုမိုရှက်ရွံ့သွားကာအနည်းငယ်ပင်ကြောက်မိသွားသည်။

ကံကောင်းစွာဖြင့်ချန်ပေါ်၏မျက်နှာထားမှာခပ်မြန်မြန်ပျော့ပြောင်းသွားပြီး သူကသူတို့ကိုနှစ်သိမ့်ပေးလာသည်။
"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့မင်းတို့ရောက်လာချိန်မှာကစားသမားဟောင်းတွေရှိနေတာက ကံဆိုးမှုထဲမှာကောင်းချီးပေးမှုပဲ။ အနာဂတ်မှာငါ့နောက်လိုက်ဖို့ပဲသတိရ။"

သူဒီလိုပြောလိုက်ပေမဲ့သူ့မျက်ဝန်းထဲမှာအလင်းတစ်ချက်လက်သွားသည်။ လူသစ်အပြင် ညီလေးညီမလေးပါဖြစ်နေတော့ ငါးစာနှင့်လူသားဒိုင်းကာအဖြစ်ပါအသုံးချလို့ရတယ်။

အသစ်လေးနှစ်ယောက်ကသူပြောတာကြားတော့ ချက်ချင်းကျေးဇူးတင်စွာခေါင်းငြိမ့်လိုက်ကြသည်။ ညို့အားပြင်းသောအမျိုးသမီးကစားသမားဖြစ်သည့်ဝမ်ရန်မှာဒါကိုကြားတော့တိတ်တခိုးပြုံးလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now