အခန်း (၉၆)

3.6K 813 36
                                    

[Unicode]

ပြည်သူ့တာဝန်

"ဆရာချီ၊ ဒဏ်ရာတွေဘာတွေ ရသွားသေးလား?" ကျောက်ကျိချိန်က ခဏလောက် အံ့အားသင့်သွားပြီး ကားတံခါးကိုဖွင့်ကာ ချီယန်ထံ အပြေးသွားလိုက်၏။ ထို့နောက် သူ့ကို အထက်အောက်စုန်ဆန်ကြည့်ရင်း - "အဲ့ဒီ့လူတွေက ဘယ်အဖွဲ့အစည်းကလဲ?"

ချီယန်က သူ့ခြေထောက်နားက စတီးပိုက်ကို အဝေးသို့ ကန်ထုတ်လိုက်ပြီး - "ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာက ရာဇဝတ်မှု မမြောက်ဘူးနော်၊ ဟုတ်တယ်မလား?"

မဟုတ်သေးဘူးလေ၊ ဒါက အလွန်အကျွံ ခုခံကာကွယ်မှုကြီး.....

သို့သော် ကျောက်ကျိချိန်က ထိုစကားကို ထုတ်မပြောရဲခဲ့။ သူက သူ့လုပ်ဖော်ကိုင်ဖက်များကိုသာ မြေပေါ်လဲကျနေသူများအား လက်ထိပ်ခတ်ရန် ပြောလိုက်၏။ ထိုအခါကျမှ မြေကြီးပေါ်ရှိလူများဟာ ထူးဆန်းနေမှန်း သူတို့သတိထားမိလိုက်ကြသည်။ အနှီလူများက ဇွန်ဘီများသဖွယ် တောင့်တောင့်ကြီး လဲနေခဲ့ခြင်းဖြစ်၏။

"ဘာမှမဖြစ်ပါဘူး။ သူတို့တွေ နှစ်နာရီအတွင်း ပုံမှန်ပြန်ဖြစ်သွားမှာပါ" မည်သို့ပင်ဆိုစေ၊ သည်နေရာမှာရှိနေသူများက အထူးလျှို့ဝှက်အဖွဲ့အစည်းမှ လူများဖြစ်ပြီး သူကလည်း သူ့စွမ်းရည်များကို ဖုံးကွယ်ထားရန် ပျင်းရိနေလေသည်။ သည်လူများကို တောင့်တောင့်ကြီးဖြစ်အောင် သူ လုပ်ထားပြီးမှတော့ တောင့်တောင့်ကြီးသာ ထားလိုက်ချင်ပါ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပါးစပ်က စကားပြောနိုင်သေးသည်မို့ အဲ့သည့်လောက်ဆို လုံလောက်ပြီမဟုတ်ပါလား။

ကျောက်ကျိချိန်က အကင်းပါးသူတစ်ယောက်ဖြစ်လေရာ ဆရာချီအား မန္တန်ကို ပြန်ဖြည်ပေးဖို့ မတောင်းဆိုခဲ့။ သူတို့အဖွဲ့သားများ စုပေါင်း၍သာ အနှီတောင့်ခဲနေကြသူများကို ကားပေါ်မ,တင်လိုက်ကြတော့သည်။

"ဆရာချီ၊ ကျေးဇူးတင်ပါတယ်။ ဆရာ့ကျေးဇူးကြောင့် ကျွန်တော်တို့ ဒီလူတွေကို အလွယ်တကူ ဖမ်းနိုင်ခဲ့တာ" ကျောက်ကျိချိန်က အနည်းငယ် စိတ်လှုပ်ရှားနေလျက်။ သူတို့ဟာ သည်ကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူကို လုံးလုံးရှာမတွေ့ခဲ့ကြ။ ယခုမူကား သည်အမြောက်စာလေးများကို ဖမ်းမိခဲ့ပြီမို့ သူတို့ဆီကနေ သတင်းတချို့ အစ်အောက်မေးမြန်းနိုင်တော့မည်ဟု သူ ယုံကြည်ထားခဲ့လေသည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now