အခန်း (၅၇)

4.9K 1.1K 30
                                    

[Unicode]

သစ္စာဖောက်

"တကယ်တော့ ကျွန်တော်လည်း မပြောမဆိုနဲ့ ထွက်သွားဖို့ မရည်ရွယ်ပါဘူး" ချီယန်က သူ့အမှားသူသိပါသည်ဆိုသည့် ပုံစံမျိုးနှင့် လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားရင်း - "အချိန်က အရမ်းနောက်ကျနေတော့ ကျွန်တော်ခင်ဗျားကို မနက်ကျမှပဲ ဖုန်းဆက်တော့မယ်လို့ တွေးလိုက်တာ။ သူတို့တွေက ကျွန်တော်တို့ကို ဖုန်းတောင်ပြောခွင့်မပေးဘူးလို့တော့ ဘယ်ထင်ခဲ့ပါ့မလဲ"

"ဟုတ်ပါတယ်၊ Mr. ချန်" ​ရှေ့ခရီးသည်ခုံတွင် ထိုင်နေသည့် ေကျာက်ကျိချိန်က အပြစ်ကိုခံယူလိုက်ပြီး - "ဒါက လူပေါင်းသိန်းချီနဲ့ဆိုင်တဲ့ အထူးကိစ္စရပ်ကြီး ဖြစ်လို့ ကျေးဇူးပြုပြီး အပြင်လူတွေနဲ့ ခဏလောက် အဆက်အသွယ်ဖြတ်ထားပေးပါ" ချန်ပိုင်ဟယ်၏ ဂုဏ်အဆင့်အတန်းကို တွေးမိသွားပြီးနောက် ကျောက်ကျိချိန်က ထပ်ဖြည့်ပြောလိုက်သည်။ "တကယ်လို့ အရေးကြီးကိစ္စတစ်ခုခုရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အတွင်းပိုင်းဆက်သွယ်ရေးစက်ကို သုံးလို့ရပါတယ်"

ချန်ပိုင်ဟယ်က ခေါင်းငြိမ့်ပြလိုက်ပြီး အထူးအဖွဲ့၏အစီအစဉ်ကို မငြင်းပယ်ခဲ့။

ချီယန်နှင့် ချန်ပိုင်ဟယ်တို့နှစ်ယောက် ဗီလာသို့ပြန်ရောက်သည့်အချိန်တွင် အလုပ်မရှိ၍ ပျင်းနေကြသော ဆရာသခင်များက ဗီလာ၏ ဖုန်းရွှေကို ဖတ်ရှုလျက်ရှိပြီး အချို့ကဆိုလျှင် ပရိဘောဂပစ္စည်းများကိုပါ ေနရာရွှေ့ပြောင်းနေကြလေသည်။ ဆရာရွှီနှင့် ဆရာမရှန်တို့ ဆရာတူမောင်နှမနှစ်ယောက်ကမူ ငါးကန်နေရာချထားခြင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေကြလျက်။ သူတို့နှစ်ဦးဟာ တာအိုဝါဒ၏ ကောင်းကင်လမ်းစဉ် စာပေများမှသည် ဗိသုကာပညာရပ်များအကြောင်းထိ ပြောဆိုငြင်းခုံနေကြသည့်တိုင် ဘယ်သူကမှ ဘယ်သူ့ကို မစည်းရုံးနိုင်ခဲ့။ ဒေါသကြီးသည့် ဆရာမရှန်က စားပွဲကိုလက်နှင့်ရိုက်ချလိုက်ပြီး ဆရာရွှီနှင့် တစ်ပွဲတစ်လမ်း နွှဲတော့မယောင်ပင်။

ကံကောင်းထောက်မစွာနှင့် သဘောထားနူးညံ့သော ဆရာကျောက်က သူတို့နှစ်ဦးကြားမှာ ရှိနေသည်မို့ ဆရာမရှန်ဟာ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကိုသာ လှန်ပစ်လိုက်နိုင်ခဲ့တော့၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now