အခန်း (၄၅)

6K 1.1K 39
                                    

[Unicode]

ကသိကအောက် အခြေအနေ

ချီယန်ဟာ နူးညံ့လှသော ကော်ဇောအခင်းပေါ်နင်းလျှောက်ရင်း ​လှေကားမှဆင်းလာသည့်အခိုက် ခန်းမထဲတွင် ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည့် နာမည်ကြီးပုဂ္ဂိုလ်အများအပြား ပြုံးရွှင်ရယ်မောလျက် စကားစမြည်ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။ ထိုနေရာ၌ လူပေါင်းများစွာ ရှိနေပါသည့်တိုင် သူတို့အသံကို ဂရုတစိုက် ထိန်းသိမ်းထားကြပြီး ကျယ်လောင်စွာ စကားပြောဆိုနေသူ တစ်ဦးတစ်ယောက်မျှ မရှိခ​ဲ့ပါချေ။

ချန်ပိုင်ဟယ်က ချီယန်တစ်ယောက် သည်လိုအခင်းအကျင်းမျိုး၌ အသားမကျဖြစ်နေမည်ကို စိုးရိမ်လှစွာနှင့် သူ့မိသားစု၏နောက်နားလေးဆီ ခြေတစ်လှမ်းဆုတ်ကာ ချီယန်၏ဘေးကနေ ကပ်လျှောက်လာရင်း ထိုသူများက မည်သူမည်ဝါဖြစ်ကြောင်း တိုးတိုးဖွဖွ ရှင်းပြနေလျက်။

"မွေးနေ့ရှင်လေး ရောက်လာပါပြီ" ချန်ချိုးရှန်းပေါ်လာသည်နှင့် သူ့သူငယ်ချင်းဟောင်းများစွာက သူ့ကိုစနောက်ကျီစယ်လာခဲ့ကြသည်။  အချို့က သူ့ကို ယခုထက်ထိ ကျန်းမာဖျတ်လတ်နေတုန်းမို့ ချီးကျူးဂုဏ်ပြုကြပြီး အချို့က သူ့သားသမီးများ၏ ကျေးဇူးသိတတ်မှုနှင့် အောင်မြင်ကျော်ကြားမှုတို့အတွက် ထောပနာပြုခဲ့ကြလေသည်။ ခန်းမထဲရှိ လေထုကြီးဟာ စည်ကားသက်ဝင်နေပြီး ချန်ချိုးရှန်း၏ မျက်နှာသည်လည်း ဝမ်းသာပီတိအဟုန်ကြောင့် နီမြန်းလို့နေလျက်။

ချန်မိသားစုဝင်များကြားတွင် ရပ်နေပြီး ပဉ္စမချန်သခင်လေးနှင့် အလွန်ရင်းနှီးပုံရသော မျက်နှာစိမ်းလူငယ်လေးတစ်ယောက်ကို သတိထားမိသွားသည့်အခါ ပွဲတက်လာသော ဧည့်သည်များက ထုံးစံအတိုင်း ထိုလူငယ်လေး၏အကြောင်းကို သိချင်သွားကြတော့သည်။ သို့ပါသော်လည်း ဘယ်သူကမှတော့ ​စပ်စပ်စုစု မေးမြန်းဖို့ရန်အတွက် မဝံ့ရဲခဲ့ကြ။

"လောင်ချန်၊ ဒီလူငယ်လေးက ဘယ်သူများလဲ?" ချန်ချိုးရှန်းနှင့် အတော်လေး ရင်းနှီးလှသော ယွမ်သခင်ကြီးက ချီယန်ကို ကြင်ကြင်နာနာစိုက်ကြည့်ရင်း ပြုံးရွှင်ရယ်မောကာ သူ့ဗိုက်သူပွတ်သပ်နေလျက် - "ဒီကလေးက တကယ်ရင်သပ်ရှုမောစရာကောင်းလိုက်တာ။ သူ့မျက်နှာလေးကလည်း ကြည့်ကောင်းချက်ပဲ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now