အခန်း (၄၂)

6.4K 1.2K 85
                                    

[Unicode]

သက်ရှည်ကျန်းမာတဲ့ဘဝ

"ဒီနေ့အစည်းအဝေးအတွက်တော့ ဒီလောက်ပါပဲ။ ဌာနခွဲအားလုံး........."

ချန်ပိုင်ဟယ်က ရုတ်တရက် စကားကိုရပ်လိုက်ရာ စားပွဲပေါ်မှ စာရွက်စာတမ်းများကို သိမ်းဆည်းပြီး ပြန်ဖို့ပြင်နေသော ကုမ္ပဏီအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး၏ လှုပ်ရှားမှုများလည်း ရပ်တန့်သွားခ​ဲ့ပြီး သူတို့သူဌေးကို သံသယဖြစ်စွာ လှမ်းကြည့်လိုက်ကြသည်။

"အစည်းအဝေး ပြီးပြီ" ချန်ပိုင်ဟယ်က သူ့လက်ကို ​ဝှေ့ယမ်းလျက် ထွက်သွားနိုင်ပြီဖြစ်ကြောင်း အရိပ်ပြလိုက်ပြီးနောက် ဖုန်းထုတ်ကာ ခေါ်ဆိုမှုကို ဖြေကြားလိုက်၏။

"ချန်ချန်?"

ဖုန်း၏ အခြားတစ်ဖက်ဆီမှ ချီယန်၏ ရွှင်မြူးလှသော အသံလေးကို ကြားလိုက်ရလေသည်။ "ခင်ဗျားကို 3D စူပါမှော်ရုပ်ရှင်ကားကြီး တစ်ကားလောက် ကြည့်ရအောင် ဖိတ်ချင်လို့။ ခင်ဗျား အားရဲ့လား?"

"အားတာပေါ့၊ ကိုယ်အခုပဲ လာခဲ့လိုက်မယ်"

"သူဌေး......" လျန်ဖုန်းက ရွှင်လန်းတက်ကြွစွာနှင့် အပြင်သွားဖို့လုပ်နေသော သူဌေးကို မြင်လိုက်ရသည့်အခါ မစဘဲမနေနိုင်တော့သည်မို့ - "ကောင်မလေး ချောချောလေးနဲ့ သွားပြီး ချိန်းတွေ့မလို့လား?"

ရှက်သွေးဖြာကာ နီမြန်းနေပြီး မျက်လုံးနှင့် မျက်ခုံးထောင့်များဆီမှာပါ ရွှင်မြူးရိပ်များ ပြည့်နေသော မျက်နှာက......... ချိန်းတွေ့ဖို့မှ မဟုတ်လျှင် အခြားဘာဖြစ်နိုင်ဦးမည်နည်း?

"ကိုယ့်အလုပ်ကိုသာ သေချာလုပ်ပါ" ချန်ပိုင်ဟယ်က အပေါ်ဝတ်အင်္ကျီကို ကောက်ယူလိုက်ပြီး necktie ကို သေချာစွာပြန်ညှိရင်း - "မဆိုင်တဲ့ကိစ္စတွေ လျှောက်တွေးမနေနဲ့"

လျန်ဖုန်း : "..........."

-

"ဆရာချီ" လျိုရွှမ်း၏ ခေါင်းထက်မှ ဆံပင်များဟာ အမိုးပေါ်မှ လေပြင်းကြောင့် ဖရိုဖရဲဖြစ်လို့နေလျက်။ သူက မလှုပ်မယှက်နှင့် နံရံကိုမှီကာ ရပ်နေသော ချီယန်ကို ကြည့်ပြီး - "တစ်ခုခု လွဲနေသေးလို့လား?"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now