အခန်း (၆)

6K 1.1K 9
                                    

[Unicode]

ဆရာသခင်

"ဆရာ၊ ဒီဘက်ကို ကြွပါ"

ထိုကျွမ်းကျင်ဆရာသခင်ဆိုသူကို ယန်ပါးပါးကိုယ်တိုင် ကြိုဆိုခဲ့လေသည်။ ဘေးနားမှာ ရပ်နေပါသော ယန်ထောင်ခမျာမှာတော့ ဘာတစ်ခွန်းလေးမျှ ဝင်ပြောခွင့်မရခဲ့ရှာပေ။

ချီယန်က ယန်ပါးပါးကိုကြည့်လိုက်ပြီး ဘာမှမပြောဘဲ ပြုံးနေလေသည်။ ယန်မိသားစုအိမ်ကြီး၏ ပန်းဥယျာဉ်ထဲမှ နှင်းဆီချုံလေးများကို သူလိုက်ကြည့်နေခဲ့၏။ နှင်းဆီပင်များက စိုပြေသန်စွမ်းလျက်ရှိပြီး ပေါင်းပင်အနည်းငယ် ရှိနေပါသည့်တိုင် ရှုပ်ယှက်ခတ်နေသည်ဟု မခံစားရပါချေ။ ထိုအစား ၎င်းဟာ တမူထူးသော မျက်စိပသာဒကို ပေးစွမ်းလို့နေပါ၏။

"ဆရာ၊ အရင်ဆုံး တစ်ခုခုသောက်ချင်လား...."

"မလိုပါဘူး"

ချီယန်က သူ့လက်နှစ်ဖက်ကို ကျောနောက်ဘက်သို့ ပို့လိုက်သည်။ သူ့အမူအရာက စိတ်မပါ့တပါပုံနှင့်။

"ကျွန်တော် နည်းနည်းပါးပါး ပတ်ကြည့်ပြီးတာနဲ့ ပြန်မှာပါ"

Mr. ယန်၏ ပုံစံက ဖော်ဖော်ရွေရွေနှင့် စိတ်အားထက်သန်ပုံပေါက်နေပါသော်လည်း ချီယန်ကတော့ အနှီလူဟာ သူ့ကို အထင်သေးနေမှန်း ခံစားမိသည်ပင်။

သူက ဟန်ဆောင်ပန်ဆောင် လုပ်နေစရာ မလိုပါပေ။ တဲ့တိုးဆန်ဆန် ပြောဆိုပြုမူခြင်းက သာ၍ ကောင်းပါ၏။

သူဟာ ဤဆရာအတုက သည်လောက်ထိ ပွင့်လင်းလိမ့်မည်ဟု ထင်မထားမိခဲ့သည်မို့ ယန်ပါးပါးက ခေတ္တခဏ ဆွံ့အလို့ သွားခဲ့ရသည်။ သူခေါင်းလှည့်လိုက်ချိန်တွင် သူ့သားက တစ်ခုခုပြောရန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့် သူ့ကို ခပ်စူးစူးအကြည့်တစ်ချက် ပေးလိုက်၏။ ထို့နောက် ချီယန်ဘက်သို့ ပြန်လှည့်ကာ အပြုံးလေးနှင့် -

"ဒီလောက်အဝေးကြီးအထိ လာရပြီးမှ ကျွန်တော်တို့က ေရလေးတစ်ခွက်တောင် ဧည့်မခံရဘူးဆိုရင် သိပ်ကို ရှက်စရာကောင်းသွားမှာပေါ့"

"Mr. ယန် အဲ့လောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။ ကျွန်တော်တို့ခေတ်လူငယ်တွေက အဲ့လို လောကဝတ်တွေ သိပ်ဂရုမစိုက်တတ်ဘူး"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now