အခန်း (၁၀)

6K 996 6
                                    

[Unicode]

ရုပ်ဝါဒီ

ချန်ပိုင်ဟယ်သည် အစီအစဉ်တင်ဆက်သူက အနှီရဲရင့်ပြီး စိတ်ထားကောင်းလှသော လူငယ်လေး၏ ပုံပန်းသွင်ပြင်ကို အားပါးတရနှင့် စိတ်လှုပ်ရှားစွာ ဖော်ပြပြောဆိုလျက်ရှိသည်ကို နားထောင်နေခဲ့၏။ သူပိုနားထောင်လေလေ၊ ဆန်ပြုတ်ဆက်စားရန် သူ့အတွက် ပိုခက်ခဲလာလေလေပင်။ သူက တီဗွီကို မော့ကြည့်လိုက်၏။ ကယ်တင်ခံလိုက်ရသော ကလေးငယ်၏ မိဘများက ကင်မရာထဲမှနေပြီး ထိုသူကို ကျေးဇူးတင်စကား ဆိုနေခဲ့သည်။ ဤသတင်းတစ်ပုဒ်ကို ငါးမိနစ်၊ ခြောက်မိနစ်လောက်ကြာအောင် လွှင့်နေခဲ့သော်လည်း ထိုကြင်နာတတ်သူ၏ နာမည်လေးတစ်လုံးကို မဆိုထားနှင့် ကြည်လင်ပြတ်သားသည့် သူ့ဓာတ်ပုံတစ်ပုံလေးတောင် မပါရှိခဲ့ပါချေ။

အဆုံးသတ်မှာတော့ အစီအစဉ်တင်ဆက်သူဟာ ကြင်နာတတ်သည့် လူငယ်လေးကို ဘေးကင်းလှပသောဘဝလေး ပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်သွားခဲ့၏။ ချန်ပိုင်ဟယ်က တစ်ဝက်တစ်ပျက်စားထားသော ဆန်ပြုတ်ပန်းကန်ကို ထားလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲချလိုက်ကာ နည်းနည်းမှ လှုပ်ရှားလိုစိတ် မရှိတော့ပါချေ။

လျန်ဖုန်းပြန်ရောက်လာပြီး သူက အစားအစာကို တို့ကနန်း ဆိတ်ကနန်းသာ စားထားသည်ကို မြင်တော့ စားပွဲကို ဘေးရွှေ့လိုက်ပြီး ပြောလာခဲ့၏။

"ဒါရိုက်တာချန်၊ ဘာလို့ ဒီလောက် နည်းနည်းလေးပဲ စားတာလဲ?"

"ငါခံတွင်းပျက်နေလို့"

ချန်ပိုင်ဟယ်က သူ့လက်ထဲတွင် ဘာမှမပါဘဲ လက်ဗလာနှင့် လာခဲ့သည်ကိုမြင်လိုက်ရာ တီဗွီကိုပိတ်လိုက်ပြီး မေးလာခဲ့သည်။

"မင်း ဒီလောက်နောက်ကျမှ ဘာလာလုပ်တာလဲ?"

"ကျွန်တော်ကြားတာတော့ ချန်သခင်ကြီးက ဘိုးဘွားပိုင်အိမ်ကို ပြန်ပြင်ဆောက်ဖို့ လုပ်နေပြီး ကျွမ်းကျင်တဲ့ ဖုန်းရွှေအတိုင်ပင်ခံတွေ ရှာနေတယ်တဲ့"

လျန်ဖုန်းက ချန်ပိုင်ဟယ်၏ မျက်နှာထက်တွင် ဘာအမူအရာမှ မရှိသည်ကို မြင်ပြီး ထပ်ဖြည့်ပြောလိုက်၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now