အခန်း (၈၈)

4.3K 933 18
                                    

[Unicode]

အချစ်ကို မယုံဘူးလား

"အားလုံးပဲ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ!"

"မြန်မြန်လေး!"

ချီယန်က ဓာတ်လှေကားအနောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသော လူနာတင်လှည်းကိုကြည့်ရင်း မျက်မှောင်ကြုတ်မိလိုက်၏။

"ချန်ချန်?" ချန်ပိုင်ဟယ်ကလည်း ချီယန်၏ မျက်နှာသိပ်မကောင်းလှကြောင်း သတိပြုမိလေသည်။

"ကျွန်တော် လူနာတင်လှည်းပေါ်က အမျိုးသမီးကို မနေ့ကတောင် တွေ့ခဲ့သေးတယ်" ချီယန်က သက်ပြင်းချလျက် - "အဲ့တုန်းက ကြည့်ရတာ တော်တော်လေး အဆင်ပြေနေတဲ့ပုံပါ"

ချန်ပိုင်ဟယ်က စကားမဆိုဘဲ သူ့ပုခုံးကိုသာ ခပ်ဖွဖွ ပုတ်ပေးလာရင်း - "မင်းရဲ့ဒဏ်ရာကို အရင်သွားကုရအောင်"

ဆရာဝန်ကလည်း ချီယန်ကို ဆူပူငေါက်ငမ်းလေတော့သည်။ စူးရှခက်ထန်သော ဆရာဝန်၏ မျက်လုံးအကြည့်များအောက်၌ ချီယန်ဟာ လိမ်လိမ်မာမာနှင့် အဆူခံလိုက်ရုံမှတပါး ရွေးချယ်စရာမရှိခဲ့။

"အနာက အရမ်းကြီးတော့ မဆိုးပါဘူး။ အချိန်မီရောက်လာလို့သာ ကံကောင်းသွားတာ။ တကယ်လို့ နည်းနည်းကြာမှရောက်လာခဲ့ရင် ချုပ်ရိုးတွေ​ဖြည်၊ ဘေးက မကောင်းတဲ့အရေပြားတွေကို ညှပ်ထုတ်ပြီး နောက်တစ်ခေါက် ပြန်ချုပ်ရလောက်တယ်" ဆရာဝန်က ပြောလာခဲ့၏။ "မင်းတို့လူငယ်တွေက ခန္ဓာကိုယ်ကို သေချာထိန်းသိမ်းရကောင်းမှန်း မသိကြဘူး။ မတည့်တာတွေရှောင်ပြီး ကျန်းမာရေးကို တတ်နိုင်သလောက် ဂရုစိုက်ဦး။ စောစောအိပ်၊ စောစောထ၊ လေ့ကျင့်ခန်းလေးဘာလေးလည်း မှန်မှန်လုပ်။ ကျန်းမာရေးက ဘယ်အရာထက်မဆို အရေးအကြီးဆုံးပဲ"

ချီယန်က နာခံစွာနှင့် ခေါင်းညိတ်ပြလိုက်၏။ ဆရာဝန်က သူ့စကားကို လိမ်လိမ်မာမာ နားထောင်နေသည့် ချီယန်ကိုကြည့်ကာ ဆက်လက်၍ ဩဝါဒ မခြွေနိုင်တော့ဘဲ သူ့ဒဏ်ရာကို ဆေးထည့်ပေးပြီး အရောင်ကျဆေးများသောက်ရန်သာ ညွှန်ကြားပေးလိုက်တော့သည်။ "အောက်ထပ်က ဆေးကောင်တာကိုသွားပြီး ဆေးထုတ်လိုက်ပါ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Waar verhalen tot leven komen. Ontdek het nu