အခန်း (၂၈)

6K 1.1K 67
                                    

[Unicode]

ပျော်ရွှင်မှု

ချီယန်က သူ့အခန်းတံခါးကိုဖွင့်နေရင်း ချန်ပိုင်ဟယ်ကို ပြောလိုက်၏။ "ကျွန်တော် အိမ်ပြန်ရောက်ပြီ"

သက်တောင့်သက်သာရှိလှသော အိမ်တွင်းစီးဖိနပ်တစ်ရံကို လဲစီးလိုက်ပြီးနောက် သူဟာ နူးညံံ့သည့်ဆိုဖာပေါ် ပစ်လှဲချလိုက်လေသည်။ "ခုနက ဓာတ်လှေကားထဲမှာ တခြားလူရော ရှိနေလို့ ကျွန်တော်မမေးလိုက်ရဘူး။ ခင်​ဗျားရဲ့ အစားစားချင်စိတ်အပြင် ဒီတလောကောင်းကောင်းရော အိပ်ပျော်ရဲ့လား?"

သူသိသလောက်ဆိုလျှင် ချန်ပိုင်ဟယ်လို ကိုယ်လုံးကိုယ်ပေါက်ရှိသူတစ်ယောက်ဟာ အိပ်ရေးသိပ်ဝလိမ့်မည်​ေတာ့မဟုတ်​ေပ။

ချန်ပိုင်ဟယ်က ဆည်းဆာနေ၏ မှိန်ဖျော့ဖျော့အလင်းရောင်ကို မျက်လုံးများမှေးကြည့်နေရင်း နှုတ်ခမ်းထောင့်များကလည်း အပေါ်ဘက်ဆီ ကွေးညွှတ်တက်သွားလျက်။ "ဒီရက်ပိုင်းတွေမှာ ကိုယ်ကောင်းကောင်းလည်း အိပ်ပျော်တယ်"

အိပ်မပျော်တတ်သည့်ရောဂါ ရှိသူတစ်ယောက်သာ တစ်ညလုံးအိပ်ရေးဝဝ အိပ်စက်ရခြင်း၏ ချမ်းသာသုခကို အသေအချာ နားလည်နိုင်ပေလိမ့်မည်။

သူ့ထံ၌ အိပ်မပျော်တတ်သည့်ရောဂါရှိနေကြောင်း ချီယန်ကို တစ်ခါမှ မပြောပြခဲ့ဖူးသော်လည်း တစ်ဖက်လူဟာ အရာအားလုံးကို သိနေပုံရပြီး သူ့ကိုတိုက်ရိုက်ပင် မေးလာခဲ့၏။

ဒါက သူငယ်ချင်းတွေကြားထဲက ပေါင်းသင်းဆက်ဆံရေးပုံစံမျိုးလား?

"ကောင်းတာပေါ့" ချီယန်က စိတ်သက်သာရာရသွားပြီး ဆက်ပြောလိုက်၏။ "ကျွန်တော် ဒီရက်ပိုင်းအတွင်း ခင်ဗျားအတွက် ငြိမ်းချမ်းစေမယ့် အဆောင်လက်ဖွဲ့လေး ဆွဲပေးမယ်။ အဲ့ဒါကို ခေါင်းအုံးအောက်မှာ ထားအိပ်ရင် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်"

"ကောင်းပြီလေ။ ကိုယ်မနက်ဖြန်ကျ မင်းဆီလာခဲ့မယ်" ချန်ပိုင်ဟယ်က သူ ချီယန်၏ အိမ်ကို တစ်ခါမှ မရောက်ဖူးသေးကြောင်း တွေးလိုက်မိပြီး မနက်ဖြန် တွေ့ဆုံဖို့အရေးအတွက် အလွန်စိတ်လှုပ်ရှားကာ မျှော်လင့်တောင့်တမိနေလျက်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now