အခန်း (၃၄)

6.1K 1.1K 72
                                    

[Unicode]

စွပ်စွဲချက်

သူတို့လေးဦးသား စားပွဲမှာ ဝိုင်းထိုင်လိုက်ကြ​ေလသည်။ လျန်ဖုန်းဘက်မှ စကားစပြောဖို့ အစီအစဉ်မရှိကြောင်း တွေ့လိုက်ရပြီးနောက် ယန်ပါးပါးက ချီယန်ကို အလေးအနက် ကျေးဇူးတင်စကားများ ဆိုလိုက်၏။ အမြတ်အစွန်းရဖို့သာ ဦးတည်တတ်သော စီးပွားရေးသမားတစ်ယောက်အနေနှင့် သူဟာ ချီယန်လို ဆရာသခင်တစ်ဦးနှင့် ဆက်ဆံရာတွင် စော်ကားမော်ကား မလုပ်ဝံ့ဘဲ မျက်နှာသာရရန်သာ ကြိုးစားလိုပေသည်။ ဖခင်တစ်ယောက်အနေနှင့်လည်း သူ့သားအသက်ကို ကယ်တင်ပေးခဲ့သူအား စိတ်ရောကိုယ်ပါ ဒူးထောက်ဦးညွှတ်ရန် ဝန်မလေး။

သူ့မှာ သည်သားလေးတစ်ယောက်တည်းသာ ရှိသည်မို့ တစ်ဘဝလုံး ရှာဖွေထားသည့် စည်းစိမ်ဥစ္စာများကလည်း သူ့သားအတွက်သာလျှင်ဖြစ်၏။ အကယ်၍များ သားဖြစ်သူသာမရှိတော့ပါလျှင် ငွေကြေးချမ်းသာမှုများဟာလည်း အဘယ်မှာအသုံးဝင်တော့မည်နည်း?

ချီယန်က ယန်ပါးပါး၏ အဆုံးမရှိ ကျေးဇူးတင်စကားများကို အပြုံးလေးနှင့်သာ နားထောင်နေခဲ့၏။ တစ်ဖက်လူက ပြောလို့ပြီးသည်နှင့် သူက ခေါင်းငြိမ့်ပြုံးပြလိုက်ပြီး တစ်ဝက်လောက်လွတ်နေပြီဖြစ်သော Mr. ယန်၏ ခွက်ထဲ လက်ဖက်ရည်ပြန်ဖြည့်ပေးကာ - "Mr. ယန် အဲ့လောက်ထိ ယဉ်ကျေးနေဖို့မလိုပါဘူး။ ယန်ထောင်ဒုက္ခရောက်နေတဲ့အချိန် ကျွန်တော်က အဲ့နားမှာ တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာနဲ့ ကူညီပေးလိုက်ရုံပါပဲ။ ဒါက ရေစက်ရှိလို့ ကံဆုံတာမျိုးပေါ့"

"အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ ဆရာရယ်။ အဲ့ဒီတုန်းက အခြေအနေက ဒီလောက်အန္တရာယ်များတာ။ ဆရာသာ သူ့ကိုစွန့်စွန့်စားစားနဲ့ မကယ်ခဲ့ရင် အဲ့ဒီကလေးက အရှင်လတ်လတ်နဲ့ မီးလောင်ပြီး......" ယန်မားမားခမျာ 'သေ' ဆိုသည့် စကားလုံးကို ပြောမထွက်နိုင်ရှာဘဲ နှုတ်ခမ်းများ တုန်ယင်လာသည်ကို အမြန်ဖုံးကွယ်လိုက်ရ၏။ "ဆရာ့အတွက်တော့ မပြောပလောက်တဲ့ အသေးအမွှားကိစ္စလေးဆိုပေမယ့် ကျွန်မတို့ မိသားစုအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ကြင်နာမှုကြီး တစ်ခုပါ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now