အခန်း (၄၁)

6.1K 1.1K 39
                                    

[Unicode]

အဲ့ဒါ ပဉ္စမချန်သခင်လေးရဲ့ သူငယ်ချင်း

လွိလော်အိမ်ရာစီမံကိန်းများ စတင်ဆောင်ရွက်ခ​ဲ့စဉ်က ကြော်ငြာအားဟာလည်း အတော်ကြီးကို ေကာင်းခဲ့ပါ၏။ ၎င်းက တကယ့်အကောင်းစား ဇိမ်ခံကွန်ဒိုတိုက်ခန်းများဖြစ်သောကြောင့် အဆင့်အတန်းရှိသူတို့၏ သင်္ကေတဖြစ်သလို သစ်ပင်ပန်းမန် စိမ်းစိမ်းစိုစိုနှင့်မို့ မြို့ပြထဲက သစ်တောဥယျာဉ်လေးဟုလည်း စျေးကွက်ထဲတွင် ကြော်ငြာခဲ့လေသည်။ အဆင့်မြင့် အိမ်ရာများအဖြစ် လူသိရှင်ကြား စျေးကွက်ဝင်နိုင်ရန် သုံးစွဲခဲ့ရသော ကြော်ငြာစရိတ်က မသေးလှသလို ရလဒ်ကလည်း အတော်လေး ကောင်းမွန်ခဲ့ပါ၏။ ထိုစဉ်အခါက အိမ်ခန်းများဟာ အလွန့်အလွန်မှကို အရောင်းသွက်ခဲ့သည်ပင်။ နောက်ပိုင်း အိမ်ရာများအားလုံး ဆောက်လုပ်ပြီးစီးသွားသည့်အချိန်မှာတော့ အချို့လူများက အင်တာနက်ပေါ်၌ ထိုအိမ်ရာများ၏ ဖုန်းရွှေကမကောင်းလှသလို လေဝင်လေထွက်လည်း မရှိသောကြောင့် လူတို့၏ ကံကြမ္မာကို ထိခိုက်စေနိုင်သည်ဟု ရေးသားခဲ့ကြသည်။

အနှီမှတ်ချက်မျိုး ပထမဆုံး ပေါ်ထွက်လာချိန်၌ လူအများက ထိုသို့ရေးသားသူဟာ မစားရသည့် စပျစ်သီးကို ချဉ်သည်ဟု ဆိုကာ တမင်သက်သက် ပြဿနာရှာနေခြင်း ဖြစ်သည်ဟု ​လှောင်ပြောင်ဟားတိုက်ခဲ့ကြ၏။

မမျှော်လင့်ထားပါဘဲနှင့် သိပ်မကြာမီအချိန်၌ လွိလော်အိမ်ရာများအတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်လာခဲ့တော့သည်။ အရင်က သည်အိမ်ရာများဟာ ခိုက်တတ်ပါသည်ဟု ဆိုခဲ့သော အင်တာနက်ပေါ်မှလူကို လူတိုင်းက နတ်ဘုရားတစ်ပိုင်းလို သတ်မှတ်ပြောဆိုလာကြ၏။ သို့သော်လည်း ဟိုစဉ်က ထိုနတ်ဘုရားတစ်ပိုင်းလူကို သူတို့အလွန်အကျွံ ကဲ့ရဲ့ရှုံ့ချမိခဲ့ခြင်းကတော့ စိတ်မကောင်းစရာပင်။ ထိုသူဟာ အဲ့သည့်နောက်ပိုင်းကတည်းက အွန်လိုင်းပေါ်မှာ ဘယ်တော့မှ ထပ်ပေါ်မလာခဲ့တော့ပါချေ။

တိတ်ဆိတ်ခြောက်ကပ်နေသော ကားထဲမှာတော့ လျိုရွှမ်းက စိတ်မသက်မသာဖြင့် ဖင်တကြွကြွဖြစ်လို့နေပြီး ကားပေါ်စတက်ကတည်းက စကားတစ်ခွန်းမှ မပြောသေးသော ဆရာချီကို တိတ်တဆိတ် အကဲခတ်နေလိုက်၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now