အခန်း (၃၆)

6.9K 1.1K 92
                                    

[Unicode]

ကျေးဇူးရှင်

"ခင်ဗျား အစောကြီးရောက်လာတာလား?" ချီယန်က ချန်ပိုင်ဟယ်ရောက်လာသည်ကိုမြင်သည့်အခိုက် လက်ပြနှုတ်ဆက်ရင်း - "ဒီမှာလာထိုင်"

လျန်ဖုန်းကတော့ အိမ်မွေးတိရစ္ဆာန်လေးကို ခေါ်လိုက်သလို ဖြစ်နေသည့် ဆရာချီ၏ အမူအရာကိုကြည့်ကာ တိတ်တဆိတ် မျက်နှာလွှဲလိုက်မိ၏။

ချန်ပိုင်ဟယ်၏ သက်တော်စောင့်က လက်ဆောင်ထုပ်များကို လျန်ဖုန်းလက်ထဲထည့်ပေးခဲ့ပေးနောက် ချန်ပိုင်ဟယ်အား စကားအနည်းငယ် တီးတိုးပြောကာ လျန်မိသားစုအိမ်မှ ပြန်သွားလေတော့သည်။

လျန်ဖုန်းက သူ့လက်ထဲမှ ပစ္စည်းများကိုကြည့်ကာ ပြောလိုက်၏။ "သူဌေးကလည်း လာတာတော့ လာပေါ့။ ဘာလို့လက်ဆောင်တွေပါ ဝယ်လာတာလဲ?"

"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း နည်းနည်းပါးပါးပဲ ဝယ်လာတာ။ အထဲမှာ ဟင်းတွေလည်းပါတယ်။ ထုတ်ဖို့ မမေ့နဲ့ဦး" ချန်ပိုင်ဟယ်က မီးဖိုချောင်ထဲတွင် ခေါင်းငုံ့ကာ မျက်လုံးများကို ပွတ်သုတ်နေခဲ့သော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူက လျန်ဖုန်းညီမလေးထံတွင် ပြဿနာတစ်ခုခုရှိနေလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်မို့ ခေါင်းကိုလှည့်ကာ မမြင်ဟန်ဆောင်ရင်း ချီယန်ဆီ လျှောက်သွားလိုက်သည်။

လျန်ဖုန်း မီးဖိုချောင်ထဲ ပြန်ဝင်သွားသည့်အခါမှာတော့ လျန်ယွင်ဟာ ခွက်များကို ဆေးကြောလျက်ရှိပြီး သူမမျက်နှာကတော့ ဖြူဖပ်ဖြူလျော် ဖြစ်နေလို့နေဆဲ။

သူ့ညီမလေး သန်မာချင်ယောင်ဆောင်နေသည်ကိုကြည့်ရင်း လျန်ဖုန်းဟာ ရင်ထဲမချိပါသော်လည်း သည်အချိန်မှာတော့ သူမကိုယ်တိုင် ရုန်းထွက်မှရပေမည်။ သူလုပ်ပေးနိုင်သည်က သူမကို ပျော်ရွှင်စေရန် တတ်နိုင်သမျှ အတူရှိနေပေးဖို့သာပင်။

"ခင်ဗျား ဒါကြည့်မလား?" ချီယန်က သတင်းချန်နယ်တစ်ခုမှာ ရပ်လိုက်ပြီး ချန်ပိုင်ဟယ်ကို တိုးတိုးလေးပြောလိုက်၏။ "ခင်ဗျားကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်ကျမှ ရောက်လာတယ်"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now