အခန်း (၂၀)

6.1K 1K 11
                                    

[Unicode]

ကျိန်စာ

ချီယန်က ချန်ပိုင်ဟယ်တစ်ယောက် ထိုသို့ပြောလာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့​ေပ။ သူက ချန်ပိုင်ဟယ်ကို နားမလည်နိုင်သော မျက်နှာနှင့် လှမ်းကြည့်လိုက်ပြီး - "Mr. ချန် ဘာကိုဆိုလိုတာလဲ?"

ပဉ္စမချန်သခင်လေးသည် မျက်စိလည်းလျင်သလို ထိုးထွင်းသိမြင်နိုင်စွမ်းကလည်း ကောင်းလှပေသည်။ အခြားသူများ သူ့ကို ဖြုံကြသည်မှာ အံ့ဩစရာတော့ မဟုတ်။ သူက အသေးစိတ်အချက်လေးတွေမှအစ အထူးတလည် စေ့စေ့စပ်စပ် ကြည့်ရှုတတ်သူပင်။

ချီယန်၏ မှင်သက်နေသော အမူအရာကိုမြင်လိုက်ရချိန်မှာတော့ ချန်ပိုင်ဟယ်ဟာ ဝိုင်ခွက်ပေါ်မှ သူ၏ ဖြူဖျော့နေသော လက်ဆစ်လေးများကို အကြိမ်အနည်းငယ် ပွတ်သပ်လိုက်ပြီး ပြုံးပြလာခဲ့၏။ "ဘာရယ်မဟုတ်ပါဘူး၊ ဒီလိုပဲ ပြောကြည့်တာ"

စားပြီးသောက်ပြီးနောက် ချန်ပိုင်ဟယ်က ချီယန်ကို အိမ်ပြန်ပို့ပေးခဲ့သည်။ ဘဲကင်ဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင် ချီယန်တစ်ယောက် မျှော်လင့်ချက်လေး အနည်းငယ်နှင့် ဘဲကင်ဆိုင်ထဲကို လှမ်းကြည့်လိုက်၏။ ရောင်းအားကောင်းလှသော အနှီဘဲကင်ဆိုင်ဟာ နေ့လည်ပိုင်းဆိုလျှင်တော့ ပိတ်သွားပြီဖြစ်​ေလသည်။ သူဟာ ဆိုင်ဝန်ထမ်းလေးက မနက်ဖြန် သူဘဲကင်လာယူသည့်အခါ သူ့ကို မှတ်မိနေပါ့ဦးမလားဟု တွေးမိနေဆဲပင်။

အကယ်၍ သူတို့က မှတ်မိနေသေးလျှင်တောင် ဘဲကင်ကတော့ ပုပ်သိုးသွားပြီဖြစ်ကာ စားလို့ မရနိုင်လောက်တော့ပါချေ။ ထိုသို့ တွေးလိုက်မိသည့်အခါမှာတော့ ချီယန်ဟာ နောင်တတွေ တပွေ့တပိုက် ရသွားလေတော့သည်။ သူရဲစခန်းကို လိုက်သွားခဲ့တုန်းက ဘာလို့များ ဘဲကင်ကို ယူမသွားမိခဲ့ပါလိမ့်? အစားအသောက်ကို ဖြုန်းတီးခြင်းက ရှက်ဖွယ်ကောင်းလှသည်ပင်!

"ဆရာချီ?" ချန်ပိုင်ဟယ်က ချီယန်၏ စိတ်အပြောင်းအလဲကို သတိပြုမိလိုက်၏။ သူက ကားပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်ပြီး - "ဘာဖြစ်လို့လဲ?"

ချီယန်က ပြုံးပြီး ခေါင်းခါပြလိုက်သည်။ ကားက ဂိတ်ပေါက်ဝဆီရောက်လာသည့်အခါ ချီယန်သည် ကားပေါ်ကဆင်းလိုက်ပြီး ချန်ပိုင်ဟယ်ကို ပြောလိုက်၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Kde žijí příběhy. Začni objevovat