အခန်း (၃၉)

6.2K 1.1K 74
                                    

[Unicode]

ငါအလျင်လိုနေလို့

သူငယ်ချင်းများရှေ့မှာဆိုလျှင်တော့ ချီယန်ဟာ သုံးမိနစ်တောင် လေးလေးနက်နက်မနေနိုင်သလို ချောမောခန့်ငြားသည့်​ပုံရိပ်ကိုလည်း သုံးစက္ကန့်ထက်ပို၍ ထိန်းမထားနိုင်ပါချေ။ ပျင်းရိပျင်းရွဲဖြစ်နေသော သူ့အမူအရာကိုကြည့်လျှင် ဆရာသခင်တစ်ယောက်ဟု ထင်ချင်စရာပင်မရှိ။

သူ ပျော့ခွေနေသည်ကိုမြင်သည့်အခါ ချန်ပိုင်ဟယ်က မတတ်နိုင်စွာ ရယ်မောရင်း မေးလာခဲ့၏။ "မင်း မနေ့ညက ကောင်းကောင်းအိပ်ရရဲ့လား?"

"ကျွန်တော် မနေ့ညက မအိပ်လိုက်ရဘူး" ချီယန်က သူ့ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး - "ခင်ဗျားရဲ့ကားက နေရာကျယ်တော့ စီးရတာ အရမ်းအဆင်ပြေတာပဲ"

"ကော်ဖီအေးအေးလေး သောက်ချင်လား?" ချန်ပိုင်ဟယ်က ချီယန်ကိုကြည့်ကာ - "အဲ့ဒါက မင်းကို လန်းသွားစေမယ်ထင်တယ်"

ချီယန်က ခေါင်းယမ်းကာ သူ့ဗိုက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ "ကျွန်တော် ညစာအတွက် နေရာချန်ထားလိုက်ဦးမယ်"

သူ့ပုံစံကို မြင်လိုက်ရသည့် ချန်ပိုင်ဟယ်ကတော့ မရယ်မိဘဲ မနေနိုင်ခဲ့။ သူက အပြုံးလေးနှင့် ေခါင်းငြိမ့်ပြလိုက်ပြီး - "ဟုတ်ပါပြီ၊ ကိုယ်တို့ ခဏနေ အဲ့ဒီကို ရောက်တော့မှာပါ"

ထိုသို့ကြားလိုက်ရသည့်အခါ ဒရိုင်ဘာဖြစ်သူက ကားကိုအရှိန်တင်လိုက်ပြီး သူ့ဘေးခရီးသည်ခုံမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူကို တစ်ချက်လှည့်ကြည့်လိုက်၏။ သို့သော်ငြား ထိုတစ်ယောက်ကတော့ ခေါင်းကြီးကိုသာ ငုံ့ထားပြီး ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက်နှင့် သူ့လက်ဖဝါးကိုသာ ငုံ့ကြည့်လို့နေလျက်။

ချန်းဝေ့ကျွီးဆိုင်မှ မန်နေဂျာဟာ သည်လောက်အချိန်တိုလေးအတွင်း ပဉ္စမချန်သခင်လေးက သူတို့ဆိုင်သို့ ဒုတိယတစ်ကြိမ် ထပ်လာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့သောကြောင့် အလွန်အင်မတန်မှပင် ပျော်ရွှင်နေခဲ့လေသည်။ သို့ပေသိ ပဉ္စမချန်သခင်လေးနှင့်အတူပါလာသူကို မြင်လိုက်ရပြီးနောက်မှာတော့ သူဟာ အမှန်တရားကို ယောင်ဝါးဝါးမှန်းဆမိသွားတော့၏။ သူတို့ဆိုင်၏ အစားအသောက်များကို သဘောကျသူက ပဉ္စမချန်သခင်လေးမဟုတ်၊ သူ့ဘေးက ခပ်ချောချောကောင်လေးပင်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now