အခန်း (၉၄)

3.6K 895 21
                                    

[Unicode]

ထောင်ချီလေသော မြစ်ချောင်း တောင်ထွဋ်အသွယ်သွယ်ကို ဖြတ်ကျော်၍

လောင်သာ့တို့အိမ်ကို ကုမ္ပဏီရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့ပေးထားခြင်းဖြစ်ပြီး မျက်နှာချင်းဆိုင်အိမ်မှာ နေထိုင်သူက ဦးလေးမာတို့ အလုပ်ရှင်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးပင်။ မာဆုန်းကလည်း ထိုသူကို ရင်းနှီးချစ်ခင်စွာနှင့် ဦးလေးဟုသာ ခေါ်လေသည်။ ထိုသည်ကိုထောက်ရှုလျက် သူတို့ကြားကဆက်ဆံရေးဟာ အတော်လေး ကောင်းမွန်လှကြောင်း သိနိုင်ပါ၏။

ချီယန်ဟာ ဘွဲ့ယူခါနီးတုန်းက လောင်သာ့ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်အမှတ်ရမိလိုက်သည်။ ထိုအိပ်ဆောင်လေးမှာ နေခဲ့စဉ်က လောင်သာ့ဟာ သူ့အဖေ မကြာမီ ကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုးတော့မှာမို့ အိမ်မှာတောင် စားပွဲသောက်ပွဲကျင်းပနေသည်ဟု ဆိုခဲ့၏။

"ချန်ချန်၊ မင်း ဘာဖြစ်နေတာလဲ?" ဝမ်ဟန်က ချီယန်၏ မျက်နှာအမူအရာကိုကြည့်ရင်း တစ်ခုခု မူမမှန်နေသလို ခံစားလိုက်ရသည်။

"မင်းတို့ မျက်နှာချင်းဆိုင်အိမ်မှာနေတဲ့ ဦးလေးကရော ကျောင်းအုပ်ကြီးအဖြစ် အရွေးခံရမယ့် ဆန်ကာတင်စာရင်းထဲမှာ ပါသေးလား?" ချီယန်၏ မျက်နှာဟာ ဘယ်နည်းနှင့်မှ ကောင်းမနေနိုင်တော့။ အကယ်၍ ထိုအတိုင်းသာ ဖြစ်နေခဲ့ပါလျှင် အိမ်ရှေ့တံခါးဝမှာ ချိတ်ထားသည့် ကြေးဝါမှန်က တိုင်ဆိုင်မှုသက်သက် မဟုတ်တန်ရာပါချေ။

-

"လောင်လော်၊ လောင်မာတို့မိသားစု အဲ့လိုကြီးဖြစ်သွားတော့ ရှောင်ဆုန်းလေးက အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ရှာမှာ။ ကျွန်မတို့ တတ်နိုင်သလောက် သူ့ကို ကူညီပေးရအောင်" အမျိုးသမီးက စားပွဲသုတ်နေရင်း ဧည့်ခန်းတံခါးဝဆီလှမ်းကြည့်ကာ သက်ပြင်းချလျက် - "ဘယ်လိုလုပ်ပြီးတော့များ ဒီလိုကိစ္စတွေ ဖြစ်ကုန်ရတာလဲ မသိပါဘူး?"

လောင်လော်ကတော့ ဘာစကားမှပြန်မပြောဘဲ နှုတ်ဆိတ်လျက်သာ နားထောင်နေလေသည်။

"ရှင်ဟိုတစ်ခါ ဖိတ်ခဲ့တဲ့ ဖုန်းရွှေဆရာက သိပ်မဟုတ်သေးဘူးထင်တာပဲ။ သူပြောတော့ ကံကောင်းခြင်းတွေ၊ ချမ်းသာခြင်းတွေချည်း တွေ့ရမယ်ဆိုပြီး အခုကျ ရှင့်ရဲ့ နှစ်ရှည်လများ ပေါင်းသင်းလာတဲ့ မိတ်ဆွေအရင်းကြီးက ဒီလိုကံဆိုးမှုတွေနဲ့ ကြုံလိုက်ရတယ်လို့" အမျိုးသမီးက ကြမ်းပြင်ကို သုတ်နေရင်း ဆက်လက်ရေရွတ်နေလျက်။ "အဲ့ဒီ့ ဆရာသခင်ဆိုတဲ့လူတွေက တတ်ယောင်ကားတွေများပါတယ်။ ကျွန်မကတော့ ရှင့်အတွေးတွေကို နားကိုမလည်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ရှင်လည်းခေတ်ပညာတတ် ဘွဲ့ရတစ်ယောက်ပဲ။ ဘာလို့များ အဲ့ဒီ့ရှေးရိုးစွဲအယူသီးမှုတွေကို ဒီလောက်ယုံနေရတာလဲ?"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now