အခန်း (၈)

6.1K 1K 7
                                    

[Unicode]

အနားယူခြင်း

ညနေ ၇ နာရီခွဲဝန်းကျင်လောက်တွင် မိုးစဲသွားခဲ့၏။ ချီယန်က ဖိနပ်စီးလိုက်ပြီးနောက် ကျိုးနွံစွာထိုင်နေကြသူသုံးဦးကို လှည့်ပြောလိုက်သည်။

"အခုသွားရအောင်"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့" တုတုန်က ဖိနပ်ပင်မစီးနိုင်ဘဲ အလျင်စလိုလိုက်လာခဲ့၏။ သူက ဖိနပ်များကို အလောတကြီးတရွတ်တိုက်ဆွဲရင်း ပြေးလိုက်လာပြီး သူ့လက်ထောက်နှစ်ယောက်ကလည်း ချီယန်ကိုယ်စား တံခါးကို ဂရုတစိုက် ပိတ်ပေးခဲ့သည်။

"ဆရာ၊ ပစ္စည်းတွေဘာတွေ ယူစရာလိုသေးလား?"

တုတုန်က ချီယန်၏ ဗလာသက်သက်လက်များ ကို ကြည့်ရင်း -

"ဒါမှမဟုတ် တစ်ခုခုများ ဝယ်ရမှာလား? ကျွန်တော်တို့ကို ပြောသာပြောလိုက်ပါ။ ဆရာလိုအပ်တာအားလုံး ဝယ်ပေးပါ့မယ်"

"ဘာကိုဝယ်ရမှာလဲ?"

ချီယန်က ဓာတ်လှေကားခလုတ်ကိုနှိပ်ရင်း တုတုန်ကိုကြည့်ကာ ပြောလိုက်၏။

"ကျွန်တော်တို့က ရုပ်ရှင်သွားရိုက်မှာလည်း မဟုတ်၊ မကောင်းဆိုးဝါးတွေကို သွားသတ်မှာလည်း မဟုတ်ဘူးလေ။ မက်မွန်အသားဓားတို့ သံလိုက်အိမ်မြှောင်တို့လို ပစ္စည်းမျိုးတွေ မလိုပါဘူး"

တုတုန်က ကြည်ညိုလေးစားမှုများ ပြည့်လျှံသွားလျက်။ သူက တကယ့်ကို ဆရာသခင်အစစ်အမှန်ပ​ဲ။ အရာရာတိုင်းကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်သွားလိုက်ပုံများ။

ကိုယ်ပိုင်စီးပွားရေးသမားတစ်ဦးအနေဖြင့် တုတုန်ဟာ ကားများကို သဘောကျနှစ်ခြိုက်သူဖြစ်သည်။ ချီယန်က ကားအမှတ်တံဆိပ်နှင့် မော်ဒယ်နံပါတ်ကို တစ်ချက်ကြည့်လိုက်၏။ ပေါက်စျေးအရ သုံး၊ လေးသန်းလောက် ရှိမည့်ပုံပေါ်သည့် တန်ဖိုးကြီးအမှတ်တံဆိပ်တစ်ခုပင်။

"ဆရာ၊ ကျေးဇူးပြုပြီး"

လက်ထောက်က ချီယန်အတွက် တံခါးဖွင့်ပေးလိုက်သည်။

ချီယန်အထဲသို့ ဝင်လိုက်ပြီးနောက် ကားအတွင်း၌ ရှိန်းမြမြမွှေးရနံ့တစ်ခုကို ရလိုက်၏။ ဟိုဟိုသည်သည်လှည့်ကြည့်လိုက်ရာ ပူရှိန်းရနံ့အမွှေးအိတ်များ ကားထဲတွင်ရှိနေသည်ကို တွေ့လိုက်ရလေသည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now