အခန်း (၈၂)

5.3K 1.1K 144
                                    

[Unicode]

မကောင်းပါဘူး!

ညစာကို အမှန်တကယ်ပင် အရင်ထက်ပို၍ အလျှံအပယ် ပြင်ဆင်ထားခဲ့ပြီး ချန်မိသားစုမှ လူငယ်များအားလုံးသည်လည်း အိမ်သို့ ပြန်လာခဲ့ကြသည်။ အိမ်မှာ ရှိခဲလှသော စတုတ္ထချန်သခင်လေးပင်လျှင် သူ့ဇနီးနှင့် သားသမီးများကိုခေါ်ကာ ညစာစားရန် ရောက်လာခဲ့၏။ ကျယ်ဝန်းလှသော စားသောက်ခန်းကြီးထဲ၌ မျိုးဆက် ၃ ဆက် အတူတကွရှိနေကြပုံမှာ ကြည်နူးသက်ဝင်စရာအတိနှင့်။

ဝမ်ဟန်နှင့် လင်ရှော့တို့ နှစ်ယောက်ဟာလည်း အထူးဧည့်သည်များအဖြစ် ချန်မိသားစုထံမှ အနွေးထွေးဆုံး ဧည့်ခံဆက်ဆံမှုကို ရရှိခဲ့သည်။ လင်ရှော့က ယခုအချိန်ကျမှ ချန်ပိုင်ဟယ်ဆိုသူဟာ ဗဟိုမြို့တော်အတွင်း ထင်ရှားကျော်ကြားလှသော ပဉ္စမချန်သခင်လေးဖြစ်ကြောင်း သိလိုက်ရခြင်းပင်။ သူ့လို သာမန်လူတစ်ယောက်အနေနှင့် ချန်မိသားစုထဲ၌ အလွန်ဩဇာညောင်းလှသော သခင်လေးတစ်ဦးရှိမှန်းသာ သိထားခဲ့ပြီး အခြားချန်မိသားစုဝင်ဘယ်နှယောက်ရှိမှန်းရော၊ သူတို့နာမည်များကိုရော ဘာတစ်ခုမှ မသိခဲ့ပါချေ။

ယခုလို ချန်မိသားစု၏ ဂုဏ်ရှိန်ကို အသေအချာသိလိုက်ရပြီးနောက်မှာတော့ သူဟာ စားသောက်နေစဉ်အတွင်း ဂရုတစိုက် မပြုမူဘဲ မနေနိုင်ခဲ့။ ချီယန်က အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်လှသောကြောင့်သာ သည်လိုလူများနှင့် ရင်းနှီးကျွမ်းဝင်နိုင်ခဲ့ခြင်း ဖြစ်ရပေမည်။ ချန်ပိုင်ဟယ်နှင့်အတူ ရယ်ရယ်မောမော လွတ်လွတ်လပ်လပ် စားသောက်နေသည့် ချီယန်ကို ကြည့်ရသည်မှာလည်း မသိသူများအနေနှင့် သူဟာ ချန်မိသားစုဝင်တစ်ယောက်ဟုတောင် ထင်ချင်စရာပင်။

"Mr. ဝမ်ရဲ့ အဖေနဲ့ ကျွန်တော် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆုံလိုက်သေးတယ်" တတိယချန်သခင်လေးက ဝိုင်နီတစ်ငုံကိုသောက်ကာ ဝမ်ဟန်အားပြုံးပြလိုက်ရင်း - "ကြည့်ရတာ သူအဆိုပြုထားတဲ့ကိစ္စအတွက် ပါမစ်ရဖို့ စောင့်နေတဲ့ပုံပဲ။ အစီအစဉ်တင်ပြချက်နဲ့ ပတ်ဝန်းကျင်စုံစမ်းစစ်ဆေးမှုတွေကတော့ ပြီးသွားပြီဆိုတော့  နောက်ရက်အနည်းငယ်အတွင်း ပါမစ်ကျလာတော့မှာပါ။ စိတ်မပူပါနဲ့"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now