အခန်း (၃၅)

6.2K 1.1K 101
                                    

[Unicode]

ဝဋ်

အခန်းတစ်ခုလုံးဟာ ထူးထူးခြားခြားကို တိတ်ဆိတ်လို့သွားခဲ့ပြီး လျန်ဖုန်းက သူ့ညီမအတွက် ရိုက်ခတ်မှုကြီးကြီးမားမားဖြစ်သွားမှာကို စိုးရိမ်သောကြောင့် ရတက်မအေးစွာနှင့် မီးဖိုချောင်ဘက်ဆီ လှမ်းကြည့်လိုက်၏။

လျန်ယွင်က ထိုနေရာမှာပဲ မယုံကြည်နိုင်စွာ ကြောင်အမ်းပြီး ရပ်နေလျက်။ သူမကို ကြည့်ရသည်မှာ ခင်ပွန်းလောင်းက အစ်ကိုဖြစ်သူကို အဘယ်ကြောင့် အော်ငေါက်နေမှန်းလည်း သိပုံမရ။ သူမခါး၌ ဝတ်ဆင်ထားသည့် အေပရွန်ကိုချွတ်ကာ ဧည့်ခန်းဆီ တိတ်တဆိတ်လျှောက်လာခဲ့ပြီးနောက် သူတို့သုံးဦးကို အပြန်ပြန်အလှန်လှန်ကြည့်​ေနခဲ့၏။ နောက်ဆုံးမှာတော့ သူမဟာ လျန်ဖုန်း၏ ဘေးတွင် ဝင်ထိုင်ရင်း ဝိန်ဟမ့်ကို မေးလိုက်သည်။ "ဝိန်ဟမ့်၊ ဘာဖြစ်လို့လဲ?"

ကျိုးဝိန်ဟမ့်က ချီယန်ကို ဒေါသတကြီး လက်ညှိုးထိုးရင်း - "ယွင်ယွင်၊ ဒီလူကို ဘယ်ကနေ ေခါ်လာတာလဲ? သူ့မှာ ပေါက်တတ်ကရတွေ လျှောက်ပြောတတ်တာကလွဲရင် ဘာအရည်အချင်းမှ ရှိတဲ့ပုံလည်း မပေါ်ဘူး။ ငါက နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရတစ်ယောက်ပါ။ အဲ့လို အောက်တန်းကျတဲ့လုပ်ရပ်မျိုး လုပ်စရာလား!"

လျန်ယွင်က ဘာပြောလိုက်မှန်း သိလိုစိတ်တို့နှင့် ချီယန်ကို လှည့်ကြည့်လိုက်သည်။

ကျိုးဝိန်ဟမ့်၏ ဒေါသအိုး ပေါက်ကွဲမှုကို ချီယန်ကတော့ နည်းနည်းမှပင် မဖြုံပါချေ။ သူက ရေတစ်ငုံကို ခပ်ဖြည်းဖြည်းသောက်လိုက်ပြီး - "ကျွန်တော်က Mr. ကျိုးမှာ အချစ်ရေးပြဿနာတစ်ခုခု ရှိနေပုံရတယ်လို့ ပြောလိုက်ခါရှိသေး သူက အဲ့လို ဒေါသတွေထွက်သွားတော့တာပဲ။ ဒါက တကယ်ပဲ......"

သူက လက်ဖက်ရည်ခွက်ကို ချလိုက်၏။ လက်ဖက်ရည်ခွက်နှင့် စားပွဲတို့ ထိမိရာမှ ထွက်ပေါ်လာသော အသံဟာ သူတို့အသွေးအသားများထဲထိတိုင် ရိုက်ခတ်သွားပါသည့်အလား။

"အကယ်၍ ခင်ဗျားက အိမ်ထောင်သည်တစ်ယောက် ဖြစ်နေရင်တောင် တစ်ယောက်ယောက်ကို ဆွဲဆောင်မိသွားနိုင်သေးတာပဲ။ ဖောက်ပြန်တတ်တဲ့သူက ခင်ဗျားကို လာပြီး ချဉ်းကပ်ကောင်း ချဉ်းကပ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျားဘက်ကတော့ အဲ့ဒီ ဖောက်လွဲဖောက်ပြန်မှုကို လက်သင့်မခံတာမျိုး​ေပါ့။ Mr. ကျိုးက ဘာလို့ အဲ့လောက်ထိ စိတ်လှုပ်ရှားလွန်းနေရတာလဲ?" ချီယန်က နှာမှုတ်လိုက်ပြီးနောက် ပျင်းရိပျင်းရွဲနှင့် ဆိုလေသည်။ "တခြားလူတွေကြားရင် ခင်ဗျားက အပြစ်တစ်ခုခု လုပ်ထားမိလို့ အော်ကြီးဟစ်ကျယ်လုပ်ပြီး ဖုံးကွယ်ဖို့ကြိုးစားနေတယ်လို့ ထင်သွားတော့မှာပဲ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now