အခန်း (၃၁)

6.4K 1K 55
                                    

[Unicode]

ငွေနှင့် မနာလိုဝန်တိုမှု

"ဒီဘက်မှာ!"

လူနာဆောင်အပြင်ဘက်တွင် ရပ်နေသော ချန်ပိုင်ဟယ်က ဆေးရုံကော်ရစ်ဒါထောင့်ကနေ ချီယန်၏ခေါင်းပြူထွက်လာသည်ကိုမြင်ပြီး လက်လှမ်းပြလိုက်သည်။ သူ့နှလုံးသားထဲမှ ကျေးဇူးတင်စိတ်တို့ကတော့ နွေးထွေးလှသော ရေစီးကြောင်းလေးများနှယ် ပျံ့နှံ့စိမ့်ဝင်ကာ တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံသွားပါသည့်အလား။

သူက ဖုန်းကို နားမှခွာလိုက်ပြီး ချီယန်ကို ခပ်ဖွဖွပြုံးပြလိုက်၏။

ချီယန်က အမောတကောနှင့် ချန်ပိုင်ဟယ်ထံ လျှောက်သွားလိုက်ပြီးနောက် နဖူးထက်မှ ချွေးများကို သုတ်လိုက်ရင်း - "ခင်ဗျားတို့အထပ်ကိုရောက်ဖို့ ကျွန်တော် ဝင်ခွင့်ကဒ်လိုတယ်တဲ့။ အဲ့ဒါကြောင့် အကြာကြီး ဟိုဟိုဒီဒီပတ်လျှောက်နေပြီးမှ အရေးပေါ်လှေကားကနေ တက်လာခဲ့ရတာ။ သန့်ရှင်းရေးအန်တီကြီးတွေကတောင် ကျွန်တော့်ကို သံသယမျက်လုံးတွေနဲ့ လိုက်ကြည့်နေကြသေးတယ်" ချန်ပိုင်ဟယ်၏ စိတ်အေးလက်အေးဖြစ်နေသော မျက်နှာအမူအရာကိုမြင်လိုက်ရချိန်မှာတော့ ပြဿနာကြီးကြီးမားမား မရှိကြောင်း သူခန့်မှန်းမိလိုက်လေသည်။ "ခင်ဗျား အစ်ကိုရဲ့ အခြေအနေကရော?"

"ကောင်းပါတယ်။ ဒီတိုင်း ခဏတဖြုတ် သတိလစ်သွားပြီး နည်းနည်းပါးပါး ပွန်းပဲ့သွားရုံပဲ။ ရဲတွေကတောင် အခင်းနေရာက ဗွီဒီယိုကိုကြည့်ပြီး ဒါက အံ့ဖွယ်ဖြစ်ရပ်ကြီးပဲလို့ ပြောနေကြသေးတယ်" ချန်ပိုင်ဟယ်က ၎င်းဟာ မှန်မမှန်မသေချာသော်လည်း တစ်စုံတစ်ယောက်က သူ့အစ်ကိုကို ကူညီပေးခဲ့ခြင်းဖြစ်လိမ့်မည်ဟု ယုံကြည်နေမိ၏။ "ချန်ချန်၊ ကျေးဇူးပါပဲကွာ"

ချီယန်က မျက်မှောင်ကျုံ့လိုက်ပြီး - "တစ်ခုခုတော့ လွဲနေတယ်။ သူက အဆောင်အိတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားရင် ကားအက်စီးဒန့်တောင် ဖြစ်စရာအကြောင်းမရှိဘူး" သူက ချန်ပိုင်ဟယ်ကိုကြည့်ကာ ပြောလိုက်လေသည်။ "သူအိတ်ကိုဖွင့်ပြီး အဆောင်လက်ဖွဲ့စာရွက်ကို ထုတ်ကြည့်လိုက်သေးလား မသိဘူး?" အဆောင်အိတ်ကို သာမန်ကာလျှံကာနှင့် ဖွင့်ကြည့်၍မရကြောင်း သူကိုယ်တိုင်ကလည်း ချန်ပိုင်ဟယ်ကို မပြော​ြပမိခဲ့ပေ။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now