အခန်း (၇၈)

4.9K 1.1K 116
                                    

[Unicode]

ပိုင်ဟယ်ပါပါး

"ပဉ္စမအစ်ကိုလေး၊ ကျောင်းတံခါးအပြင်ဘက်မှာ ရဲကားတွေ အများကြီးရပ်ထားတယ်" ကားမောင်းနေသော ကျောက်လိက မူကြိုကျောင်းအဝင်ဝဆီ လှမ်းကြည့်လိုက်သည့်တိုင် ဟွမ်ဟယ်ကိုတော့ အရိပ်ကလေးတောင် ရှာမတွေ့ခဲ့။ "သာ့ဟယ်နဲ့ ဆရာချီတို့က မူကြိုထဲမှာ ထင်တယ်"

ချန်ပိုင်ဟယ်က ခေါင်းငြိမ့်လိုက်သည်။ ချန်ချန်နှင့် အတူရှိနေလျှင်တော့ ထွမ်ထွမ်လည်း သေချာပေါက် ဘေးကင်းလောက်ပေမည်။ သူက ထွမ်ထွမ့်ကို တစ်မိနစ်တောင်မကြာဘဲ အလွယ်တကူ ချော့မြှူနိုင်သူ မဟုတ်ပါလား။

မူကြိုကျောင်းအပေါက်ဝတွင် ကားများအပြည့်ရပ်ထားလေရာ ချန်ပိုင်ဟယ်က ကားပေါ်မှဆင်းကာ လမ်းလျှောက်သွားလိုက်ရ၏။ ကျောင်းဂိတ်ပေါက်ကို ရောက်သွားသည့်အခိုက်မှာတော့ အပြင်ဘက်တွင် လူပေါင်းများစွာရှိနေလင့်ကစား အထဲဝင်လိုသူတိုင်းက သူတို့၏ အထောက်အထားများကို အတည်ပြုရကြောင်း တွေ့လိုက်ရလေသည်။ အထဲဝင်ခွင့်မရသည့် သတင်းထောက်အချို့ကမူ သူတို့၏ ကင်မရာများကို ကိုင်ထားရင်း မနားတမ်း တဖျပ်ဖျပ်ရိုက်ကူးနေကြလျက်။

ချန်ပိုင်ဟယ်က ကလေးတစ်ယောက်၏ မိသားစုဝင်ဖြစ်နေသောကြောင့် လုံခြုံရေးအစောင့်က သူ့အထောက်အထားကို စိစစ်ပြီး အထဲဝင်ခွင့်ပြုလိုက်၏။

ကျောင်းဝင်းထဲတွင် အရေးပေါ်ကားတစ်စီးနှင့် ရဲကားတစ်စီးတို့ ရပ်ထားကာ အရေးပေါ်ကား၏ အနီးနားမှာတော့ သတင်းထောက်များ ပြုံတိုးနေကြလျက်။ ချန်ပိုင်ဟယ်က သူတို့ဘာတွေလုပ်နေသလဲဆိုသည်ကို စိတ်မဝင်စားလှသည့်တိုင် စာသင်ခန်းဘက်ကို သွားမည်အပြု၌ သက်သေအထောက်အထားအိတ်ကိုကိုင်လျက် သူ့ဘေးကနေ ဖြတ်သွားသော ရဲတစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူက ထိုရဲသား၏ လက်ထဲမှ အိတ်ကို မတော်တဆ လှမ်းကြည့်လိုက်မိ၏။

၎င်းအိတ်ထဲ၌ ၄၀၊ ၅၀ စင်တီမီတာခန့်ရှိသော ငွေရောင်ဓားတစ်ချောင်း ရှိလို့နေကာ သွေးတချို့လည်း စွန်းပေနေလျက်။

"စိတ်မရှိပါနဲ့၊ ခဏလောက်ပါ" ချန်ပိုင်ဟယ်က ရဲဝန်ထမ်းကို လှမ်းတားလိုက်သည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now