အခန်း (၁၂)

5.9K 1K 10
                                    

[Unicode]

တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးရုံပဲ

အဆောင်လက်ဖွဲ့များသည် ကောင်းကင်နှင့် ပထဝီမြေကြီး၏ ဝိဉာဉ်စွမ်းအားများကို ဆွဲဆောင်ပြီး တစ်စုံတစ်ရာသော ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ရာအတွက် လူတစ်ယောက်၏ အစွမ်းသတ္တိများကို တိုးမြှင့်နိုင်ရန် သဘာဝတရားကြီး၏ အရှိန်အဝါကို ငှားယူသုံးစွဲသည့် သဘောပင်။

ချီယန်တစ်ယောက် ဘောပင်ကိုင်ပြီး စာရေးတတ်ဖို့ရန် သင်ယူပြီးခါစမှာပင် သူဟာ သူ့ဆရာလို အဆောင်လက်ဖွဲ့များ ရေးခြစ်ရန် လေ့ကျင့်ခဲ့၏။ မမျှော်လင့်ထားပါဘဲနှင့် ၎င်းဟာ ပတ်ဝန်းကျင်မှ စွမ်းအားတစ်ခုခုကို သွားရောက် ​ထိခိုက်စေခဲ့လေသည်။ ထို့ကြောင့်သာပဲ သူ့ဆရာက သူဟာ သည်လမ်းကြောင်းအတိုင်း လိုက်ပါအသက်မွေးဖို့ မွေးဖွားလာသူဟု အတိအလင်း ကောက်ချက်ချခဲ့ခြင်းပင်။

အသက် ၄ နှစ်သားအရွယ်မှသည် ၂၂ နှစ်အထိ ချီယန်ဟာ ၁၈ နှစ်တိုင်တိုင် အဆောင်လက်ဖွဲ့များကို ရေးဆွဲခဲ့သော်လည်း သူဟာ အချို့သော သင်္ကေတများကို မှတ်မိရုံသာ မှတ်မိပြီး ရေးတော့ မရေးဆွဲနိုင်ခဲ့ပါချေ။ သူ့ဆရာအဘိုးကြီးက သူဟာ ဓာတ်ကြီး ၅ ပါးလုံး၏ ဝိဉာဉ်စွမ်းအားများ နှင့် လွန်စွာ အံဝင်ခွင်ကျသူဟု တစ်ချိန်က ပြောခဲ့ဖူးလေသည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်၊ သာယာအေးချမ်းမှုများ ဆောင်ကြဉ်းနိုင်ရန်နှင့် မိုးများများရွာသွန်းစေဖို့အတွက် အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်းက အဆင်ပြေပါ၏။ သို့ပေသိ အကယ်၍ သူသာ ကံဆိုးစေသည့် အဆောင်လက်ဖွဲ့တစ်မျိုးမျိုးကို ရေးဆွဲလိုက်မိပါလျှင် သူ့ပတ်ဝန်းကျင်ရှိ လူအများ၏ ကံကြမ္မာကိုပါ ထိခိုက်စေလိမ့်မည်။

ထို့ကြောင့် သူဟာ အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်းကို ကျွမ်းကျင်ပိုင်နိုင်လာသည့် အချိန်တွင်လည်း အခြားသူများ၏ ကံဇာတာကို ထိခိုက်ပြောင်းလဲအောင် လုပ်မိမှာ စိုးရိမ်သည့်အတွက် ၎င်းတို့ကို ပြီးစလွယ်စီးစလွယ် ရေးဆွဲခြင်းမျိုး မလုပ်ခဲ့ပါပေ။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now