အခန်း (၃၃)

7.1K 1.1K 54
                                    

[Unicode]

ဘဝခံယူချက်

ရှန့်ချန်းတစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီးချိန်၌ ဆရာချီဟာ သိပ်ဖော်ဖော်ရွေရွေမရှိလှဘဲ သူတို့ကို ထူးဆန်းစွာကြည့်နေကြောင်း သတိပြုမိလိုက်၏။

"ဒါက ဒီလိုပါ။ ဆရာချီက စိတ်နယ်လွန်ပညာရပ်တွေမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တာကို ကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ ဌာနမှူးတွေရဲ့ လေ့လာဆန်းစစ်မှုတွေနဲ့ စည်းဝေးဆုံးဖြတ်မှုတွေအပြီးမှာ ထိပ်သီးပိုင်းခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ ဆရာ့ကို ကျွန်တော်တို့အဖွဲ့အစည်းမှာ ပါဝင်အားဖြည့်ပေးဖို့ လေးလေးစားစားနဲ့ လာပြီး ဖိတ်ခေါ်ရတာပါ" ရှန့်ချန်းက တရားဝင်တံဆိပ်ခတ်နှိပ်ထားသည့် စာအိတ်တစ်ခုကို ချီယန်ထံပေးလိုက်ပြီး - "ဒါက ကျွန်တော်တို့ဌာနရဲ့ စည်းမျဉ်းတွေပါ။ ဆရာတစ်ချက်လောက် ဖတ်ကြည့်ပါဦး"

ချီယန်က စာရွက်စာတမ်းများကို တစ်ချက်ကြည့်လိုက်ရာ အကျိုးခံစားခွင့် မြောက်များစွာကို ဖော်ပြထားကြောင်း တွေ့လိုက်ရပြီးချိန်မှာတော့ သူ့သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးလို့သွားလေတော့သည်။

ဒါကြီးက အရမ်းကို ရက်ရောလွန်းတဲ့ ကမ်းလှမ်းချက်ကြီးမဟုတ်ဘူးလား။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့တင် အစိုးရအလုပ် ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သေချာနေတာပဲ!

"ေဆာရီးပါ၊ ကျွန်တော်တို့နိုင်ငံမှာ အဲ့လိုဌာနမျိုးရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ ပြီးတော့ ခင်ဗျားတို့ပြောတဲ့ စိတ်နယ်လွန်ပညာရှင်ဆိုတာ ဘာမှန်းလဲလည်း ကျွန်တော်မသိဘူး" ချီယန်က စာရွက်စာတမ်းများကို သက်လတ်ပိုင်းအရွယ်လူ၏လက်ထဲ ပြန်ထိုးထည့်လိုက်ပြီး - "အဲ့လို အဓိပ္ပါယ်မရှိတဲ့ အကြောင်းတွေပဲ ဆက်ပြောနေမှာဆိုရင်တော့ ကျွန်တော်ရဲခေါ်ရလိမ့်မယ်။ ပြန်ပါတော့"

ရှန့်ချန်းက သည်လောက်မြန်မြန်ကြီး သူအငြင်းခံလိုက်ရသည့်အပြင် လူလိမ်တစ်ယောက်လိုပါ အဆက်ဆံခံရလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။ ထို့ကြောင့် သူက အမြန်ဖြေရှင်းပြလိုက်၏။ "ဆရာချီ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ယုံပါ။ ကျွန်တော်တို့တကယ် နောက်နေတာ မဟုတ်ပါဘူး။ တကယ်လို့ ဆရာ ကျွန်တော်တို့ကို မယုံဘူးဆိုရင် ဆရာချန်နဲ့ ဆက်သွယ်ပေးပါ့မယ်။ သူက ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အထူးအတိုင်ပင်ခံတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်အဆင့်မှာဆိုရင် ဒုတိယညွှန်ကြားရေးမှူးရာထူးရှိတဲ့သူပါ။ သူက ကျွန်တော်တို့အတွက် သက်သေခံပေးပါလိမ့်မယ်"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Hikayelerin yaşadığı yer. Şimdi keşfedin