အခန်း (၁၈)

5.9K 1K 8
                                    

[Unicode]

ဆန်းကြယ်လှသော ကံတရား

ဖက်တီး 'ကောင်း' တစ်ယောက် ချီယန်ကို သည်လိုလုပ်ပေးဖို့ တောင်းဆိုခဲ့ခြင်းက သည်လူငယ်လေးဟာ အရည်အချင်းရှိသော်လည်း ဗဟိုမြို့တော်အတွင်း လူသိနည်းနေသေးသောကြောင့်ပင်။ သည်လိုလူတစ်ယောက်က သေချာပေါက် စျေးကွက်ထဲ ဝင်ဖို့ရန် စိတ်အားထက်သန်နေပြီး ထုတ်ဖော်ပြောဆိုခြင်းမပြုရမည့် သဘောတူညီချက်ကိုလည်း ကြည်ကြည်ဖြူဖြူ လက်မှတ်ထိုးပေးချင်နေလိမ့်မည်ဟု သူထင်ခဲ့၏။

သူက သည်လို ဘဝင်မြင့်ပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ်နေလိမ့်မည်ဟုတော့ ထင်မထားမိခဲ့ပေ။ သူ့အပေါ်ကိုလည်း နည်းနည်းလေးတောင်မှ မျက်နှာသာမပေးခဲ့။ တခြား ဆရာသခင်တွေလို နာမည်မကြီးတာ အဆန်းတော့ မဟုတ်တော့ပါချေ။

ဖက်တီးကောင်း၏ မျက်နှာက ဒေါသကြောင့် နီရဲလာလျက်။ သူလှေကားမှ ဆင်းနေစဉ်အခိုက်တွင်လည်း ခြေခေါက်လ​ဲကျသွားပြန်​သေး၏။ သူက ​လှေကားထစ်များကို လှမ်းကြည့်လိုက်သည်။ ဘယ်လိုတောင် စုတ်ပြတ်သတ်နေတဲ့ နေရာလဲ၊ ဓာတ်လှေကားက ပျက်နေရုံတင်မကသေးဘူး စင်္ကြံလမ်းကလည်း ဒီလောက်တောင် ကျဉ်းနေတာ။

"ငါ့ဖင်ကြီးကို ဆရာသခင်လား၊ သူကဖြင့် ဒီလိုနေရာမျိုးမှာနေနေရတဲ့ ဆင်းရဲသား ငမွဲကများ!"

သူက ခါးခါးသီးသီး ကျိန်ဆဲလိုက်ပြီးနောက် ဟင်းသီးဟင်းရွက်များ ဝယ်လာသော အန်တီကြီးနှစ်ယောက်က သူ့ကို မျက်မှောင်ကျုံ့ရင်း စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူဘာမှမပြောနိုင်သေးခင်မှာပင် အန်တီကြီးနှစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး ဓာတ်လှေကား တံခါးကို ဖွင့်ကာ ဝင်သွားကြလေသည်။

"ကျပ်မပြည့်တဲ့လူ"

ဓာတ်လှေကားတံခါး ပိတ်သွားချိန်၌ ထိုစကားလုံးများ လွင့်ပျံထွက်လာခြင်းပင်။

ကောင်းဖက်တီးက ဆွံ့အနေလျက်။ ကားထဲဝင်လိုက်ပြီးနောက် သူက လုရွှမ်ကို ဖုန်းခေါ်ဖို့ သတိရသွားပြီး အဖြစ်အပျက်များကို ချဲ့ကားပြောဆိုလိုက်လေသည်။ လုရွှမ်က ဘာမှပြန်မပြောဘဲ သူ့ကိုသာ အရင် ပြန်လာခိုင်းခဲ့၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now