အခန်း (၉၅)

3.5K 864 58
                                    

[Unicode]

ပဒေသရာဇ်ခေတ်က အယူသီးမှုတွေကို မယုံနဲ့

လေယာဉ်ခရီးစဉ်ဟာ သုံးနာရီ၊ လေးနာရီလောက် နှောင့်နှေးခဲ့သဖြင့် ချီယန်တို့ သူငယ်ချင်းတစ်စု ဗဟိုမြို့တော်ဆီ ပြန်ရောက်သည့်အခါမှာတော့ ညနေပင် စောင်းနေလေပြီ။

"၇ နာရီထိုးတော့မယ်" လင်ရှော့က ဖုန်းကိုဖွင့်လိုက်ရာ သူ့ဆရာထံမှ မက်ဆေ့ချ်တစ်စောင် ဝင်နေခဲ့၏။ ထိုမက်ဆေ့ချ်ကို မြင်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာ ရုတ်ခြည်း​မည်းမှောင်သွားပြီး တက္ကသိုလ်သို့ အမြန်ပြန်သွားနိုင်ရန်သာ ဆန္ဒစောနေခဲ့တော့သည်။

"စိတ်မပူပါနဲ့၊ ငါ့သူငယ်ချင်းက ဒီကိုလာကြိုဖို့ ကားတစ်စီးလွှတ်ထားပေးတယ်။ အဲ့ဒါနဲ့ ငါမင်းကိုအရင် ကျောင်းလိုက်ပို့လိုက်မယ်" ချီယန်က အချိန်ကို တစ်ချက်ကြည့်ရင်း - "စိတ်အေးအေးထား၊ မင်းလုပ်နိုင်မှာပါ"

"အင်းပါ" လင်ရှော့က ယခုလိုအချိန်မျိုးတွင် အားနာမနေနိုင်တော့ပါချေ။ လေဆိပ်ထဲကနေ ထွက်လာပြီးနောက် ချီယန်ဟာ အပြင်မှာစောင့်နေသော ကျောက်လိကို တွေ့လိုက်ရ၏။ ကျောက်လိက သူ့ကိုမြင်သည့်အခါ ဝမ်းသာအားရနှင့် အပြေးရောက်လာပြီး - "ဆရာချီ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

"အစ်ကိုကျောက်၊ ကျွန်တော့်ကို လာကြိုပေးတာ ကျေးဇူးတင်ပါတယ်" ချီယန်နှင့် လင်ရှော့တို့က ကားပေါ်တက်လိုက်ကြပြီး သူတို့ခရီးဆောင်အိတ်များကိုလည်း ကားပေါ်တင်လိုက်ကြသည်။ "အစ်ကိုကျောက်၊ အရင်ဆုံး ကျွန်တော့်သူငယ်ချင်းကို ကျောင်းလိုက်ပို့ပေးပါလား"

"ဟုတ်ကဲ့ပါ" ကျောက်လိဟာ စကားများများမပြောတတ်ဘဲ ချီယန်တောင်းဆိုသည့်အတိုင်းသာ လိုက်လုပ်ပေးမည့်သူပင်။

ကားက လမ်းတစ်ဝက်အရောက်တွင် မိုးရွာလာခဲ့သောကြောင့် ကျောက်လိက ကားကိုအရှိန်လျှော့လိုက်ပြီး ချီယန်အား ပြောလိုက်၏။ "အစကတော့ ပဉ္စမအစ်ကိုလေးကိုယ်တိုင် ဆရာ့ကို လာကြိုမလို့ပဲ။ ဒါပေမယ့် မနေ့က ရုတ်တရက်ကြီး အရေးပေါ်စာတစ်စောင်ရောက်လာလို့ ပဉ္စမအစ်ကိုလေးက နိုင်ငံခြားသွားမယ့်အဖွဲ့နဲ့ လိုက်သွားလိုက်ရတာ။ မနက်ဖြန်ညကျမှ သူပြန်ရောက်လိမ့်မယ်"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now