အခန်း (၅၈)

5.5K 1.1K 41
                                    

[Unicode]

လန့်သွားလား?

"အဲ့ဒါက......" ချီယန်ပါးစပ်ဖွင့်လိုက်သည်နှင့် အခန်းထဲရှိလူတိုင်းက သူ့ထံလှည့်ကြည့်လာခဲ့သည်။ ထို့ကြောင့် သူက ကျောကို ပိုမတ်အောင် ထိုင်လိုက်ပြီး အလေးအနက်ပုံဖမ်းလျက် - "အဟမ်း၊ ကျွန်တော်ပြောချင်တာက ဒီလူတွေထဲကနေပြီးတော့များ မတော်တဆ သတင်းပေါက်ကြားသွားတာ ဖြစ်နိုင်မလားလို့?"

"အဲ့လိုလည်း ဖြစ်နိုင်တယ်" လူတစ်ယောက်၏ အသွင်အပြင်ကို ဖတ်ရှုရာ၌ တစ်ဖက်ကမ်းခတ်သူ ဆရာရွှီက ပြန်ဖြေလာခဲ့၏။ သူတွေ့သမျှ လူအားလုံးနီးပါးကတော့ ဘာမှ ထူးထူးခြားခြားမရှိလှ။ သူက အခန်းကို အပြန်ပြန်အလှန်လှန် ဝေ့ကြည့်လိုက်ပြီးနောက် အလယ်နားအရောက်မှာတော့ လူတစ်ယောက်ကို လက်ညှိုးထိုးကာ - "မင်း၊ ထွက်လာခဲ့"

ခေါ်ထုတ်ခံလိုက်ရသည့် ရှန့်ချန်းက ဆရာရွှီအား ​အထိတ်တလန့်နှင့် ကြည့်လာခဲ့ပြီး လက်ကို အဆက်မပြတ်ခါယမ်းလျက် - "ဆရာရွှီ၊ ကျွန်တော်လုံးဝမဟုတ်........"

"မင်းမဟုတ်မှန်း သိတယ်" ဆရာရွှီက လက်ကိုမြှောက်ကာ သူ့ဘေးသို့လာရန် လက်ဟန်ပြလိုက်၏။ "ဒီမှာလာထိုင်"

အဲ့သည့်နောက် ဆရာရွှီက နောက်ထပ်လူအနည်းငယ်ကို ခေါ်ထုတ်လိုက်ရာ နောက်ဆုံးတွင် မတ်တပ်ရပ်ကျန်နေခဲ့သူ နှစ်ဦးသာ ရှိလေတော့သည်။ သူတို့နှစ်ယောက်၏ ပုခုံးများက တုန်ယင်နေပြီး နဖူးထက်မှာလည်း ချွေးသီးချွေးပေါက်များ ပြည့်လို့နေလျက်။ မျက်နှာသွင်ပြင် မဖတ်ရှုတတ်သူတောင် သူတို့ ၂ ယောက်ဟာ အပြစ်ရှိသူများဖြစ်ကြောင်း အတပ်ပြောနိုင်လိမ့်မည်ပင်။

"ကျုပ်လို လူအိုကြီးက လူတွေရဲ့ မျက်နှာသွင်ပြင် ဖတ်ရှုဖို့ပဲ သိတာမို့လို့ ကျန်တဲ့ကိစ္စကိုတော့ ခေါင်းဆောင်ကျောက်နဲ့ ခေါင်းဆောင်ကောင်းတို့ဆီပဲ အပ်ပါတယ်" ဆရာရွှီက လက်ဖက်ရည်ကြမ်းတစ်ငုံကို သောက်လိုက်ပြီး နက်နဲလှသော မျက်နှာအမူအရာနှင့် ဆိုလိုက်၏။ "ခုချိန်မှာ အရေးအကြီးဆုံး လုပ်စရာတစ်ခုကတော့ မနက်စာလေးဘာလေး အရင်စားလိုက်ဖို့ပဲ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now