အခန်း (၇၅)

5K 1K 51
                                    

[Unicode]

အလွန်ရိုင်းလှ၏

ချန်မိသားစုမှာ နေရသည့် ချီယန်၏ ဘဝက အတော်လေးစိုပြေလှပေသည်။ သူဟာ ချန်ချိုးရှန်းနှင့် Chess ထိုးလိုက်၊ လက်ဖက်ရည်သောက်လိုက်၊ သို့တည်းမဟုတ် ကလေးများနှင့်အတူ ဆော့ကစားလိုက်သာ လုပ်နေရ၏။ သူက ကလေးများကြားမှာလည်း ချစ်သူခင်သူပေါလှလေရာ ချန်မိသားစု၏ ကလေးဗိုလ်ပင် ဖြစ်လာခဲ့ပြီး ထိုပိစိကွေးလေးများ၏ ကြည်ညိုလေးစားနေသော အကြည့်များအောက်၌ ကျေနပ်ပျော်မွေ့လို့နေလျက်။

"ဦးဦးချီ" ဂါဝန်လှလှလေးဝတ်ထားသည့် ထွမ်ထွမ်က စာကြည့်ခန်းတံခါးဝမှာရပ်ပြီး သူမ၏ခေါင်းလေးသာ ပြူထွက်လာရင်း - "သမီးဝင်လာလို့ရလား?"

"ကျေးဇူးပြုပြီး ဝင်ခဲ့တော်မူပါ အလှဘုရင်မလေးခင်ဗျား" ချီယန်က သူ့လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး ထွမ်ထွမ့်ရှေ့သို့ လျှောက်သွားလိုက်ကာ သူမ၏မျက်လုံးများနှင့် တစ်တန်းတည်းအနေအထားရောက်အောင် ဒူးတုပ်ထိုင်လျက် - "ဒီနေ့ မူကြိုကနေ အစောကြီး ပြန်လာတာလား?"

"ဟုတ်တယ်" ယခုတလော ထွမ်ထွမ်တစ်ယောက် 'ဘုရင်မ' လုပ်တမ်းကစားရသည်ကို အလွန်နှစ်သက်နေသည်ဖြစ်ရာ ချီယန်က သူမအား 'ဘုရင်မလေး' ဟု ခေါ်လိုက်သည့်အခါမှာတော့ တောက်တောက်ပပပြုံးပြလျက် သူမအနောက်မှာ ဝှက်ယူလာသော ကွတ်ကီးနှစ်ခုကို ထုတ်ပေးလာခဲ့၏။ "ဒါတွေက စားလို့ကောင်းတဲ့မုန့်တွေမို့လို့ တစ်ယောက်တည်း မစားဘဲ သူများနဲ့မျှစားသင့်တယ်လို့ ဆရာမက ပြောလိုက်တယ်။ အဲ့ဒါကြောင့် သမီး ဦးဦးအတွက် သိမ်းထားတာ"

"ဒီကွတ်ကီးတွေက ဆရာမ ပေးလိုက်တာလား?" ချီယန်က မုန့်နှစ်ခုကို ယူလိုက်ပြီးနောက် သူမကို တစ်ခုပြန်ပေးလိုက်ရင်း - "အဲ့ဒါဆို ဦးဦးတို့ တစ်ယောက်တစ်ခုစီ စားကြမယ်လေ"

"အွန်း!" ထွမ်ထွမ်က ခေါင်းငြိမ့်လိုက်ပြီးနောက် အောက်ငုံ့ကာ ကွတ်ကီးကို တစ်ဝက်ကိုက်စားလိုက်လေသည်။ ကြည့်ရသည်မှာတော့ သူမဟာ သည်မုန့်ကို အတော်လေးကြိုက်သည့်ပုံပါပင်။

ချီယန်ကလည်း ကွတ်ကီးကို နှစ်ကိုက်တည်းနှင့် ကုန်အောင်စားလိုက်ပြီးနောက် ထွမ်ထွမ့်ပါးစပ်မှာ ပွနေသည့် မုန့်အမှုန်များကို လက်ကိုင်ပုဝါနှင့် သုတ်ပေးလိုက်၏။ "ကွတ်ကီးတွေ မျှပြီးကျွေးတဲ့အတွက် ဘုရင်မလေးကို ကျေးဇူးတင်ပါတယ်။ အရမ်းပဲ စားလို့ကောင်းပါတယ်ခင်ဗျ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now