အခန်း (၂)

7.6K 1K 4
                                    

[Unicode]

ကောင်လေး၊ မင်းငါ့အာရုံကို ကောင်းကောင်း ဖမ်းစားလိုက်နိုင်တာပဲ

နောက်တစ်နေ့ည၌ ချီယန်နှင့် သူ့အခန်းဖော် ညီအစ်ကိုတစ်စုဟာ နာမည်ကြီး ဟော့ပေါ့စားသောက်ဆိုင်တစ်ဆိုင်သို့ သွားခဲ့ကြသည်။ သူတို့က စားပွဲအပြည့် စားစရာများမှာကာ ပျော်ပျော်ပါးပါး စားသောက်ခဲ့ကြ၏။

"ပြောရဦးမယ်။ နွေညတစ်ညမှာ ဟော့ပေါ့စားပြီး ဘီယာအေးအေးလေး သောက်ရတာ တကယ်အကောင်းဆုံးပဲ"

အကြီးဆုံးတစ်ယောက်က သိုးသားနှစ်ဖတ်ကိုယူရင်း ဘီယာတစ်ငုံမော့လိုက်သည်။

"ချန်ချန်၊ မင်းရဲ့ အနာဂတ်အစီအစဉ်က ဘယ်လိုလဲ?"

ချီယန်၏ နာမည်က 'ချန်' နှင့် အသံထွက်ဆင်သည်မို့ တစ်တန်းလုံးအပါအဝင် သူ့အခန်းဖော်များကလည်း ချန်ချန်ဟု နာမည်ပြောင်ခေါ်ရခြင်းကို နှစ်သက်ကြသည်။

"ဒီအတိုင်းပဲ မျှောလိုက်သွားရုံပေါ့"

ချီယန်က ဘီယာသောက်ရခြင်းကို မနှစ်သက်လှသော်လည်း သည်နေ့ကတော့ ခြွင်းချက်ပင်။ လူတိုင်း၏ အပျော်ကို မပျက်စီးစေလိုသည့်အတွက် သူဟာ ဘီယာနှစ်ခွက်လောက် အတူလိုက်သောက်ခဲ့၏။ သူ့ပါးနှစ်ဖက်က နီရဲလို့နေပြီး မျက်လုံးများဟာဖြင့် ရွှန်းလဲ့တောက်ပနေလျက်။

"ငါက ငါ့ဝမ်းစာငါ ရှာစားရုံရှိတာပဲ​ေလ။ ကျွေးမွေးစောင့်ရှောက်စရာ မိသားစုလည်း ရှိတာမဟုတ်ဘူးဆိုတော့"

သူ့ဆရာက သူ့ကို ကောက်ယူမွေးစားခဲ့စဉ်မှာ သူဟာ မွေးကင်းစအရွယ်သာ ရှိသေး၏။ သူ့ကို တာအိုဘုရားကျောင်းအတွင်း ခေါ်ဆောင်လာခဲ့ပြီးနောက် သူ့ညာဘက်ခြေထောက်၌ ခြေချောင်းလေးတစ်ချောင်း ပါရှိမနေသည်ကို သတိပြုမိခဲ့သည်။ အဲ့သည့်နောက် သူ့ဆရာဟာ ရဲစခန်းကို အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်သော်မျှ သူ့ကို လာရောက်ရှာဖွေခြင်း မရှိခဲ့။ မြို့ထဲရှိ လူတိုင်းလိုလိုက ဆင်းရဲပြီး ပညာလည်းမတတ်ကြသလို ကလေးအများကြီးရှိသူများ ဖြစ်ကြ၏။ ထို့ကြောင့် အတွေးအခေါ်ကလည်း ညံ့ဖျင်းလှလေရာ မသန်စွမ်းကလေးတစ်ယောက်ဟု သူတစ်ပါး အတင်းအဖျင်းပြောဆိုကြမည်ကို မလိုလားသဖြင့် သူ့ကို စွန့်ပစ်ခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now