အခန်း (၅၄)

5.3K 1.1K 24
                                    

[Unicode]

ဆရာချီက အလားအလာရှိတယ်

"ဒီအစီအရင်က အားသုံးပြီး ချိုးဖျက်လို့မရဘူး။ အန္တရာယ်များရုံတင်မက ဒီနားတဝိုက်က နယ်ခံတွေရဲ့ ကံကြမ္မာအပေါ်လည်း တန်ပြန်သက်ရောက်မှု ပြင်းထန်လိမ့်မယ်" အန်ရလွန်း၍ ဖြူဖျော့နေပြီဖြစ်သော ဆရာကျောက်က မျက်မှန်ကို နှာခေါင်းရင်းဆီပင့်တင်လျက် ချီယန်၏ဘေးမှာ ရပ်လိုက်၏။ "ဆရာတို့ဆီမှာရော စဉ်းစားမိတဲ့ နည်းလမ်းကောင်းတစ်ခုခု ရှိကြသေးလား?"

"ဒီမြို့မှာ လူဦးရေဘယ်လောက်လောက်ရှိလဲ?" မဲနယ်ရောင်သင်္ကန်းရုံထားသည့် ဘုန်းတော်ကြီးတစ်ပါးက မေးလာခဲ့သည်။ ထိုဘုန်းတော်ကြီး၏ မျက်လုံးများထဲမှာတော့ ကရုဏာတရားတို့ ပြည့်လျှံထုံမွှမ်းလို့နေလျက်။

"မှတ်ပုံတင်ထားတဲ့ လူဦးရေက ၇၀၀,၀၀၀ လောက်ရှိတယ်။ ဒါပေမယ့် ဒီခရိုင်ထဲက လူတော်တော်များများက တခြားနေရာတွေမှာ အလုပ်သွားလုပ်ကြတော့ တကယ်နေထိုင်တဲ့ လူဦးရေက ၅၀၀,၀၀၀ ဝန်းကျင်လောက်ပဲရှိမယ်" ချီယန်က လည်ချောင်းတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရပြီး - "တကယ်လို့ ဒီအစီအရင်တွေသာ အပြည့်အဝ အသက်ဝင်သွားပြီဆိုရင် အဲ့ဒီ့လူတွေရဲ့ ကံကြမ္မာတွေ အားလုံးပြောင်းလဲကုန်မှာ။ နောက်ပြီး အသေအပျောက်လည်း တော်တော်များလိမ့်မယ်...."

အနှီသိန်းနှင့်ချီသော လူဦးရေပမာဏဟာ အဘယ်မျှလောက်ထိ ကြီးမားကြောင်း အားလုံးသိထားကြသည်မို့ သူတို့၏စိတ်ထဲ အလေးအနက်ဖြစ်လို့နေကြလျက်။ ဆံခြည်မျှင်လေး တစ်မျှင်စာလောက် မှားယွင်းတိမ်းစောင်းသွားလျှင်ပင် ထိခိုက်ဆုံးရှုံးရမှုက အဆမတန်ဖြစ်သွားလိမ့်မည်ဖြစ်ရာ သူတို့အားလုံး လောင်းကြေးမထပ်ဝံ့ကြပါချေ။

"ကောင်းကင်ဘုံရဲ့ နိယာမတွေကို ဆန့်ကျင်ပြီး ဒီလိုယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလူကများ လုပ်တာပါလိမ့်? ဓားတစ်ထောင်နဲ့ သေဒဏ်စီရင်ခံရမယ့် အပြစ်သားပါပဲ" ပိန်ပိန်ပါးပါး တာအိုသီလရှင်တစ်ပါးက အသံတိုးတိုးနှင့် ဆိုလေသည်။ "ဒီဟာက ​ရှေးစာပေတွေထဲမှာ ဖော်ပြထားတဲ့ မိစ္ဆာကျင့်စဉ်တွေနဲ့ ဘာများ ကွာတော့လို့လဲ?"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now