အခန်း (၈၁)

6.5K 1.1K 95
                                    

[Unicode]

သူပဲ အတွေးလွန်နေမိတာလား?

"လောင်စန်း၊ လောင်စစ်က ဒီမှာနေတာ သေချာရဲ့လား?" လင်ရှော့က သူ့မျက်စိရှေ့မှာရှိနေသော ဇိမ်ခံဗီလာအကောင်းစားကြီးအပြင် အဆောက်အဦးပတ်ပတ်လည်ရှိ လှပတင့်တယ်သော ပန်းဥယျာဉ်များ၊ အလှအိုးတို့နှင့် ကျကျနနစိုက်ပျိုးထားသည့် သစ်ပင်ပန်းမန်များကိုကြည့်ကာ မနေနိုင်ဘဲ မေးလိုက်မိ၏။ "ငါတို့ အရင်ဆုံး သူ့ကိုသေချာအောင် မေးသင့်တယ်ထင်တယ်နော်?"

"စိတ်မပူပါနဲ့၊ ဒီအိမ် သေချာပါတယ်" ဝမ်ဟန်က အခိုင်အမာ ခေါင်းငြိမ့်လျက် - "ဒါက သူ့ကိုယ်ပိုင်အိမ်တော့ ဘယ်ဟုတ်မှာလဲ။ သူက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ နေနေတာ"

နေ့လည်တုန်းက သူတို့နှစ်ယောက်သား ချီယန်ဆီ ဖုန်းဆက်ပြီး ညစာအတူသွားစားရန် ခေါ်လိုက်ရာ ချန်ချန်က သူအပြင်သွားဖို့ အဆင်မပြေသောကြောင့် သူတို့နှစ်ယောက်ကိုသာ သူ့ဆီ လာလည်ရန် ပြောခဲ့ခြင်းပင်။ သူတို့နှစ်ယောက်ကလည်း ချန်ချန်နှင့် အချိန်အတော်ကြာ မတွေ့ဖြစ်ကြသည်မို့ ကားမောင်းကာ ရောက်ချလာခဲ့ကြခြင်းဖြစ်၏။

"သူဘယ်တုန်းကများ ဒီလိုဘောစိ သူငယ်ချင်းတစ်ယောက် ရသွားတာလဲ?" လင်ရှော့က ဟိုတစ်ခါ ချန်ချန့်ကို ရဲစခန်းကနေ လာခေါ်ရင်း သူ့ကိုပါ ဆေးရုံပို့ပေးခဲ့သည့် Mr. ချန်ဆိုသူကို အမှတ်ရမိသွားလေသည်။ ထိုသူကို ပထမဆုံးစတွေ့ကတည်းက သူ့စိတ်ထဲ၌ သာမန်မဟုတ်ဟု ခံစားခဲ့ရသောကြောင့် သည်လို ဇိမ်ခံစံအိမ်ကြီးကို မြင်လိုက်ရသည့်အခါ သူ့အတွေးထဲ အရင်ဆုံးပေါ်လာခဲ့သည်က အနှီလူပင်။

"အဲ့ဒါ......" ဝမ်ဟန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း - "ချန်ချန်ရဲ့ အရည်အချင်းကို မင်းလည်း သိတာပဲလေ။ ဒီလို အရာရောက်တဲ့လူတွေနဲ့ သူသိခွင့်ရတာ အဆန်းတော့လည်း မဟုတ်ပါဘူး"

"မင်းပြောတာ သူ့ရဲ့ သဘာဝလွန်စွမ်းရည်တွေကို ဆိုလိုတာလား?" လင်ရှော့က အနည်းငယ် စိတ်ရှုပ်ထွေးလို့သွားလျက်။ ခေတ်ပညာတတ် ဘွဲ့ရတစ်ယောက်အနေနှင့် ချီယန်ထံတွင်ရှိသော စွမ်းရည်တို့ဟာ လက်တွေ့ကျသည်ဟု ယုံကြည်ရန် ခက်ခဲလှသော်လည်း ချီယန်ကတော့ ၎င်းကို သက်သေပြခဲ့လေသည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Unde poveștirile trăiesc. Descoperă acum