ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က အခန်းနံပါတ်၃၀၁သို့ ပြန်ကြသည်။

သူတို့က နာမည်အား​ဖြင့် အခန်းဖော်များဖြစ်သည်။ သို့သော် သူတို့က တစ်ခန်းစီသီးသန့်အိပ်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ကိုယ်တစ်ယောက် မနှောင့်ယှက်ကြချေ။ နေ့တိုင်းလိုလို သူတို့၏လေ့ကျင့်မှုများက သူတို့ကို မောပန်းနွမ်းနယ်စေခဲ့သည်။ ထို့ကြောင့်သူတို့က အဆောင်ခန်းသို့ ပြန်ရောက်ပြီးသည်နှင့် စကားပြောချိန်ပင် မရှိကြချေ။ ယဲ့ရှောင်းယန်ကလည်း ရိုးရှင်းစွာသာ ပြန်ပြောလိုက်သည်။

"မင်္ဂလာညနေခင်းပါ ခေါင်းဆောင်ချီ"

ထိုသို့ပြောပြီးနောက် သူက ခေါင်းကိုလှည့်ကာ သူ၏အိပ်ခန်းသို့ သွားသည်။

အခန်းထဲမှ မီးများက မှိတ်ထားသောအခါ ယဲ့ရှောင်းယန်ကလည်း ရှောင်ပိုင်က ဆိုဖာပေါ်တွင် မရှိနေကြောင်း မြင်လိုက်ရသည်။ သူက အိပ်ခန်းပတ်ပတ်လည်သို့ လိုက်ကြည့်လိုက်သေးသည်။ ခုတင်အောက်သို့ပင် ရှာကြည့်သေးသည်။ သို့သော် ကြောင်ကို ရှာမတွေ့ချေ။

ယဲ့ရှောင်းယန်က အလျင်စလို အပြင်သို့ ပြေးထွက်ပြီး မေးသည်။

"ခေါင်းဆောင်ချီ ရှောင်ပိုင်ကို မြင်မိသေးလား"

ချီရှို့က သူ၏ အိပ်ခန်းတံခါးဝတွင် ရပ်နေခြင်းဖြစ်သည်။ သူက သူ၏အိပ်ရာပေါ်သို့ အနည်းငယ် တည်ငြိမ်သော မျက်နှာထားမျိုးဖြင့် ညွှန်ပြသည်။ သူညွှန်ပြသော နေရာက အိပ်ရာခေါင်းပိုင်းဖြစ်သည်။ ယဲ့ရှောင်းယန်က သူ၏ အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ ragdollကြောင်လေးက ချီရှို့၏ အိပ်ရာပေါ်တွင် အမြှီးလေးကို ထောင်လျက် ခုန်ပေါက်မြူးတူးနေကြောင်း မြင်လိုက်ရသည်။ သူက ချီရှို့၏ ခေါင်းအုံးပေါ်တွင်ပင် တက်ခုန်သေးသည်။ ထို့နောက် သက်သောင့်သက်သာ ရှိသလိုမျိုး အိပ်ရာပေါ်တွင် လှိမ့်နေသေးသည်။

ချီရှို့၏ စောင်က ရှုပ်ပွကုန်သည်မှာ လုယက်သူတစ်စုံတစ်ယောက်က ရောက်လာခဲ့ပြီး ထိုနေရာတစ်ခုလုံးမှ အရာအားလုံးကို မွှေနှောက်ကာ ရှာထားသလို ထင်ရသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now