ဝံပုလွေနက်က သဏ္ဍာန်ပြောင်းကာ တိုက်ပွဲအတွင်းသို့ ဝင်သောအခါ ဝင်သည့်ပုံစံက မှန်ကန်တိကျရန် ရွေးချယ်ရန် ခက်ခဲခြင်း ဖြစ်သည်။ သူက ခုန်လိုက်ပြီးသည်နှင့် ချက်ချင်းလိုလို အသတ်ခံရရန် လွယ်ကူလွန်းသည်။ ဝံပုလွေ​ဖြူကမူ အလွန်အမင်း ဆုံးဖြတ်ချက်ပြတ်သားစွာ ကစားရဦးမည် ဖြစ်သည်။ အသင်းလိုက်တိုက်ပွဲများတွင် သူက အလွှမ်းမိုးခံရနိုင်ချေ များပြီး အသုံးမဝင်သော အထိုးခံသဲအိတ် ဖြစ်သွားနိုင်သည်။

Professional leagueထဲမှ အခြားသူများဆိုလျှင်လည်း ထိုheroများကို မကစားနိုင်ကြချေ။ သို့သော် midlanerနှင့် junglerများက ကစားလျှင် နားလည်သဘောပေါက်မှု မရှိဘဲ အတူကစားနိုင်မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော comboမျိုးကို ထုတ်သုံးနိုင်သော အသင်းမျိုးကို တွေ့ရန် ခက်ခဲ ပြန်သည်။

ထို့ကြောင့် ထိုအတွဲက ညဘုရင်မကဲ့သို့ ပွင့်လန်းခဲသော ပန်းတစ်ပွင့်က ဂိမ်းထဲတွင် ပေါ်လာပြီးသည်နှင့် ချက်ချင်းလိုလို ညှိုးနွမ်းနိုင်ချေ များနေပြန်ခြင်း ဖြစ်သည်။

အကြောင်းပြချက်က ရိုးရှင်းသည်။

Comboက မတည်​ငြိမ်သောကြောင့် ဖြစ်သည်။

ထို comboက လေကြောင်း comboအတိုင်း ဖြစ်သည်။ ပေါက်ကွဲပြီး လောင်ကျွမ်းခံရရန် လွယ်ကူလွန်းပြန်သည်။

နည်းပြလင်းကလည်း သူတို့နှစ်ယောက်ကို ခက်ခဲမှုမြင့်သော ထိုအတွဲcomboကို လေ့ကျင့်စေလိုသည်။ သို့မှသာ သူတို့နှစ်ယောက်ကြားမှ နားလည်သဘောပေါက်မှုကို အကြီးအကျယ် စမ်းသပ်နိုင်မည်ဖြစ်သည်။

ယဲ့ရှောင်းယန်က ကာရိုက်တာ၏ ကိုယ်ရေးအကျဥ်းကို ဖွင့်လိုက်ပြီးနောက် ဝံပုလွေဖြူဘုရင်၏ စွမ်းရည်များကို ဂရုစိုက် လေ့လာလိုက်သည်။

ဆင့်ခေါ်သူ မှော်ဆရာများက ကစားရန် ခက်ခဲသည်မှာ ယူနစ်အများကြီးကို ကိုင်တွယ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကစားသမားများက အမြဲတစေ သူတို့၏ အိမ်မွေး တိရစ္ဆာန်များကို ခြေရာခံနိုင်ရန် ကြိုးစားလေ့ရှိကြသည်။ သူတို့ကလည်း သူတို့၏ ထိုအကောင်လေးများကို သွားသင့်သော နေရာကို အမိန့်ပေးနိုင်ကြသည်။ သူတို့က အပိုင်းအစလေးတိုင်း၏ ရွေ့လျားမှုတိုင်းကို စီမံကွပ်ကဲနေရန် လိုအပ်သည်။ သူတို့၏ ဒိုင်းနမစ် မြင်နိုင်စွမ်းအားကလည်း အခွင့်အရေးရှိသည်နှင့် ချက်ချင်း ဖမ်းယူနိုင်လောက်အောင် အလွန်အမင်း စူးရှနေတတ်သည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးحيث تعيش القصص. اكتشف الآن