သူတို့က အပြင်သို့ ခြေလှမ်းထွက်လိုက်ရုံသာရှိသေးသည့်အချိန် သမ်းဝေကာထွက်လာသော လင်းဖုန်းနှင့် ဆုံသည်။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က ကွန်ပျူတာကိုပင် ပိတ်ပြီးကြောင်းမြင်သောအခါ နည်းပြလင်းက ကြောင်အသွားသည်။

"မင်းတို့ဘာလို့ ထပြီး ဒီလောက်အစောကြီး လေ့ကျင့်နေကြတာလဲ"

"ငါတို့က ပုံမှန်လေ့ကျင့်ချိန်ကို ထိန်းထားပြီး နောက်ကျမှ အိပ်ပြီး စောစောထတဲ့အကျင့်ကို ယူထားတာပါ"

ယဲ့ရှောင်းယန်က ပြောသည်။

"ငါက ၇နာရီမှာထတယ်၊ ခေါင်းဆောင်ချီကလည်း အခုနောက်ပိုင်း စောစောထနိုင်တယ်၊ ဒါကြောင့် နိုင်ငံတကာsaverမှာ ပွဲစဥ်အနည်းငယ်လောက် ကစားပြီး လေကြောင်းcomboကို လေ့ကျင့်ကြည့်နေတာပါ"

လင်းဖုန်းက အလျင်စလို ချဥ်းကပ်လာပြီး ကွန်ပျူတာအနားသို့ ကပ်သွားသည်။

"လာ လာ လာ လာ ငါ့ကို မှတ်တမ်းတင်ထားတာတွေ ပြပါဦး"

ချီရှို့က သူတို့ ဂိမ်းပွဲများ၏ recordingများကို ဖွင့်ပြလိုက်သည်။

လင်းဖုန်းက ဂိမ်းပွဲကို 2x အရှိန်နှုန်းဖြင့်ကြည့်သည်။ သူကအခြားသော ကြုံရာအဖွဲ့များ၏ အပိုင်းများကို ကျော်လိုက်ပြီးနောင် ချီရှို့နှင့် ယဲ့ရှောင်းယန်တို့က ပူးပေါင်းကာ အခြားသူများကို gankလုပ်သော အပိုင်းကိုသာ ကြည့်သည်။ ကြည့်ပြီးသည်နှင့် သူ၏ မျက်နှာတွင် အလွန်အမင်း မယုံကြည်နိုင်သော မျက်နှာထားမျိုးဖြစ်ကာ အတွေးနက်သွားသည်။ အချိန်အတန်ကြာမှသာ သူက ရေရွတ်လိုက်နိုင်သည်။

"မင်းတို့တွေ တစ်ယောက်ကိုတစ်ယောက် သိတဲ့ရက် နည်းနည်းပဲ ကြာသေးတာပါနော်၊ ဘယ်လိုမျိုး ဒီလောက်ထိ လိုက်ဖက်ညီနေတာလဲ"

ယဲ့ရှောင်းယန်က နောက်သည်။

"ကျွန်တော်တို့က တစ်ယောက်အတွက်တစ်ယောက် မွေးဖွားလာတာများလား"

ချီရှို့က တိတ်ဆိတ်သွားသည်။

ဘာတွေပြောနေတာလဲ။ အယ်ဖာနဲ့အိုမီဂါက တစ်ယောက်အတွက် တစ်ယောက် မွေးလာတယ်ဟုတ်လား။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now