ချီရှို့က အချိန်ကို စစ်ကြည့်လိုက်သည်။ အချိန်က ည၁၁နာရီ ဖြစ်နေလေပြီ။ အသင်းမှ ဒရိုင်ဘာကလည်း အလုပ်ဆင်းသွားလေပြီ။ သူက မျက်မှောင်ကြုတ် လိုက်ပြီးနောက် သူ၏ကားသော့ကိုသာ ပြန်ယူလိုက်သည်။

"သွားရအောင် ငါတို့ဆေးရုံကို အရင်သွားကြမယ်"

ယဲ့ရှောင်းယန်က ချီရှို့၏ နောက်မှ လိုက်ကာ တံခါးမှ ထွက်သည်။

ယဲ့ရှောင်းယန်၏ စိတ်ထဲတွင် မူးဝေမှုက တစ်လိုင်းပြီး တစ်လိုင်း ပို၍ တိုးလာနေကာ သူ၏မြင်ကွင်းက ဝေဝါးသထက် ဝေဝါးလာပြီး အမြင်က မှောင်သထက် မှောင်လာသည်။ လမ်းလျှောက်နေရင်းမှ ခြေလှမ်းအနည်းငယ် ယိုင်ကျသွားသည်။ ချီရှို့က ကြည့်လိုက်သောအခါ သူ၏ လမ်းလျှောက်ပုံက အမူးသမား တစ်ယောက်နှင့်ပင် တူနေသောကြောင့် လက်ကမ်းကာ လက်ဆန့်ထုတ်ပေးလိုက်သည်။

"ငါ ကူညီပေးမယ်"

ယဲ့ရှောင်းယန်က ရယ်သည်။

"ကျေးဇူးပါပဲ"

အယ်ဖာ၏ လက်မောင်းက သန်မာပြီး ကြွက်သားများဖြင့် တင်းမာနေသည်။ ချီရှို့က သူ့ကို ထိန်းထားပေးမှုနှင့်အတူ ယဲ့ရှောင်းယန်၏ မူးဝေမှုက အများကြီး သက်သာသွားသည်။ သူ၏ စွမ်းအားဗဟိုကိုပင် ပြောင်းလိုက်ပြီး ချီရှို့ကိုသာ မီလိုက်သည်။ ထိုအခါ လမ်းလျှောက်ရ ပိုလွယ်သွားသည်။ ချီရှို့ကလည်း စိတ်ထဲမထားချေ။ ယဲ့ရှောင်းယန်က အယ်ဖာအဖြစ်သာ ကူးပြောင်းမည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူက ယဲ့ရှောင်းယန်အား သူ့အပေါ် တစ်ဝက်မှီတစ်ဝက် သယ်အနေအထားမျိုးဖြင့် အောက်သို့ ခေါ်သွားလိုက်သည်။ ကားနားကို ရောက်ပြီးနောက် တံခါးကို ဖွင့်ကာ ယဲ့ရှောင်းယန်ကို ဘေးခုံကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက တစ်ဘက်ခြမ်းမှာ တက်လိုက်ပြီး ကားကို မောင်းထွက်လိုက်သည်။

ကားပါကင်က အသင်း၏ အခြေစိုက်စခန်း၏ အောက်ဘက် နေရာကျယ်တွင် ရှိနေခြင်းဖြစ်သည်။ ချီရှို့က ကားစမောင်းသောအခါ မီးများက ဒုတိယအထပ် အခန်းထဲတွင် လေ့ကျင့်ရေး ဝင်နေသော ကစားသမားတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ ချန်းရှင်းက သိချင်စိတ်ပြင်းပြစွာဖြင့်မေးသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now