မင်ယွီက ပြောသည်။

"မူမူ မင်းအနေနဲ့ တရားဝင် အစီရင်ခံသူအဖြစ် ပထမဆုံး ပူးပေါင်းတာပဲ။ ထိတ်လန့်နေလား"

ယောင်မူက ဖျော့တော့စွာ ပြောသည်။

"ကျွန်မတော့ အဆင်ပြေပါတယ်။ ကျွန်မမှာ အတူတွဲပြီး အစီရင်ခံပေးမဲ့ သူ ရှိနေတာပဲလေ။ ဒီတော့ တစ်ယောက်တည်း စကားပြောနေရမှာမှ မဟုတ်တာ"

"မင်းရဲ့ ပရိသတ်တွေက မင်းက ဒီည အစီရင်ခံသူ ဖြစ်လာတဲ့အတွက် အံ့အားသင့်သွားလောက်တယ်"

မင်ယွီက ဆက်ပြောသည်။

"မင်းအားလုံးကို ဟယ်လိုလို့ မနှုတ်ဆက်သင့်ဘူးလား"

"စစ်နတ်ဘုရားများရဲ့ တရားဝင် League က ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေကို တရားဝင် အသိအမှတ် ပြုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နောက်ပြီး ကျွန်မကို အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်"

ယောင်မူက ပြောသည်။

"အနာဂတ်မှာ ကျွန်မက ကြယ်မြို့ eSports Center ရဲ့ ပုံမှန် အစီရင်ခံသူအဖြစ် ဆက်ပြီး လုပ်သွားပါမယ်။ အခုက စတင်ပြီး ကျွန်မတို့ ဒီည တရားဝင် ယှဉ်ပြိုင်ကစားကြမဲ့ အဖွဲ့နှစ်ဖွဲ့ကိုပဲ အဓိကအာရုံ စိုက်လိုက်ကြရအောင်"

မင်ယွီက အကြောင်းအရာကို ချက်ခြင်းပြန်ပြောင်းက ဝင်ပြောသည်။

"ဒီည ထိပ်တိုက်တွေ့မဲ့ နှစ်သင်းလုံးက ထျန်းဟွမ်းအသင်းနဲ့ ပင့်မူအသင်းတို့ပဲ။ ဒီနှစ်သင်းလုံးက အခြေခံကောင်းပြီး အသင်းအဖွဲ့ တည်ဆောက်မှု အားကောင်းတဲ့ အသင်းတွေ ဖြစ်နေတဲ့အပြင် သူတို့ ကစားတဲ့ ပုံစံကလည်း ထူးခြားတဲ့ ပုံစံ သီးသန့်ရှိနေကြပြီးသား။ ထျန်းဟွမ်ရဲ့ အဓိက ကစားသမားက Jungler... Junglerက ဘယ်သူလဲဆိုတာ ပြောဖို့ မလိုတော့ဘူး။ ခေါင်းဆောင်ချီရဲ့ စကေးက Jungler တစ်ယောက်အနေနဲ့ ဘယ်လောက်ထူးချွန်သလဲဆိုတာ ထူးထူးခြားခြား ပြောစရာ မလိုဘူး။ သူက စကားနဲ့ ဖော်ပြဖို့ ခက်ခဲလောက်အောင် လုပ်နိုင်စွမ်းအား ပြင်းထန်လွန်းတယ်"

"ပင့်မူအတွက်ကတော့ သူတို့မှာ အဓိက သယ်သွားပေးမဲ့... တာ့ကျောင်းနဲ့ ရှောင်ကျောင်းတို့ ရှိတယ်။ ဒီအမြွှာနှစ်ယောက်က သူတို့ရဲ့ သဘာဝအလျောက် အချင်းချင်း နားလည်မှုကို ပိုင်ဆိုင်ထားလို့ combo အပြည့်အဝ ထုတ်သုံးနိုင်စွမ်းအား ရှိတယ်။ အသင်းအများအပြားက မထုတ်ဖော်နိုင်တဲ့ အချင်းချင်း သိနားလည်စိတ်မျိုးကို သူတို့က နားလည်နိုင်ထားကြတာ"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now