ထိုဟီးရိုးက တောအုပ်ထဲတွင် ခြုံခိုတိုက်ခိုက်ရန် အလွန်သင့်လျော်သည်။

အေးခဲနတ်ဘုရားမ၏ ultက Rang မြင့်သည်။ အသင်းလိုက် တိုက်ပွဲများတွင် Damage အမြောက်အများကို ရင်ဆိုင်နိုင်စွမ်းအား ရှိသလို သူမက မီနီယံများကို ချောချောမွေ့မွေ့ ရှင်းလင်းပစ်နိုင်စွမ်း ရှိသည်။ ထို့အပြင် တောနှင့် တောင်ပေါ်ဒေသကဲ့သို့သော နေရာကျယ်များတွင်လည်း ရန်သူများထံမှ တစ်ဆင့် အဓိကသော့ချက် နေရာများကို ဖယ်ရှားနိုင်သည်။

အရာအားလုံးကို စဉ်းစားတွေးတောကာ ကြည့်မည် ဆိုလျှင် အေးခဲနတ်ဘုရားမက အသင်းလိုက်တိုက်ပွဲများကို ထိန်းချုပ်ရန် အလွန်အမင်း သင့်တော်သော ဟီးရိုးဖြစ်သည်။ သူမက အလယ်လမ်းဂျန်ဂဲအတွဲအတွက် သင့်တော်ခြင်း မရှိချေ။ သူမက အလယ်လမ်းနေရာသို့ တဖြည်းဖြည်းသာလျှင် သွားနိုင်ပြီး‌ လျင်မြန်စွာ ရွေ့လျားနိုင်သည့် Skill မျိုးလည်း မပိုင်ဆိုင်ထားလေရာ ဂျန်ဂဲလာ၏ အရှိန်နှုန်းကို အမီလိုက်နိုင်မည် မဟုတ်ချေ။

ထူးချွန်လွန်းသော အလယ်လမ်းကစားသမားတစ်ယောက်တွင် လေးစားစရာ ကောင်းသော Skill များ ပိုင်ဆိုင်ထားမည်ဆိုလျှင် ဟီးရိုးအမျိုးအစားကို မည်သို့ ကစားသင့်ကြောင်း ကောင်းကောင်း နားလည်ထားပေလိမ့်မည်။ ထိုနည်းအားဖြင့် အသင်းလိုက် Line up မျိုးတွင် ကိုယ်ပိုင် ကစားသည့် စတိုင်လ်အပေါ် မူတည်ပြီး အနေအထားကို ပြောင်းလိုက်၍ ရသည်။ ဤနည်းအားဖြင့် ပြိုင်ဘက်အသင်းမှ နည်းပြများက ဘန်းလျှင်ပင် သူတို့၏ လုပ်နိုင်စွမ်းအားကို ကန့်သတ်ရန် မဖြစ်နိုင်တော့ချေ။

ယဲ့ရှောင်းယန်က အေးခဲနတ်ဘုရားမကို နာရီအနည်းငယ် ကြာအောင် လေ့ကျင့်သည့် Mote ဖြင့် ကစားနေလိုက်သည်။ ထို့နောက် နောက်ထပ် နာရီအနည်းငယ် ကြာအောင် မီးတောက်နတ်ဘုရားမနှင့် ရင်းနှီးအောင် ဆက်လက်ကစားနေသည်။ ညဘက်တွင် သူက မိုးကြိုးနတ်ဘုရားမနှင့် ရင်းနှီးအောင် ကြိုးစားပြန်သည်။ သူက A.I အသင်းများနှင့်သာ ရင်ဆိုင်ကာ ကစားနေခြင်း ဖြစ်ပြီး သူက နတ်ဘုရားမ ဟီးရိုး၆ခုလုံးနှင့် ကျွမ်းကျင်မှု ၁၀၀ အတိ ရသွားသည်အထိ ဆက်လက် ဆော့ကစားနေခဲ့ပြီး ၁၀၀ ရသွားသည်နှင့် အားလုံးကို အဆင့်တက် ပွဲစဉ်များထံတွင် အသုံးပြုတော့သည်။ ထိုသို့ဖြင့် တစ်ရက်တာက လျင်မြန်စွာ ကုန်လွန်သွားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now