Part~14(Z+U)

12.9K 805 52
                                    

Uni

~ကျွန်တော်လည်း အများကြီး သတိရတယ်~

ဟန်မဟော်ရှိန်း...။ကောင်းကျိုးမပေးလေး...။

မင်းသွင်ခန့် ဒီစကားကို စိတ်ထဲက အကြိမ်ကြိမ်ရေရွတ်နေမိသည်။

ထိုကောင်းကျိုးမပေးလေးက ထင်ထားတာထက်တောင် ပိုပြဿနာရှာနိုင်သည်။

ခေါ်ချင်တဲ့အချိန်တိုင်းခေါ် မအားလို့မသွားမိရင်..၊ဒါမှမဟုတ် နောက်ကျသွားရင်...လူကြားထဲထိလာပြီး အမျိုးမျိုးပြဿနာရှာသည်။

အခုလည်း ညဘက်ကြီးတွေ့ချင်သည်ဆိုတာကြောင့် သူ့မှာချိန်းထားတဲ့ နေရာကို အပြေးသွားရတော့သည်။

ထိုနေရာသည် နာမည်ကြီး လမ်းကြားတစ်ခုဖြစ်ကာ မကြာခဏဆိုသလို ဆေးသမားတွေ၊ရန်ပွဲတွေကို မိသောနေရာ...။DARKအဖွဲ့အစည်းပေါ်လာတော့ ထိုနေရာမှာ အမှုကိစ္စတွေထပ်မကြားရတော့ဘဲ ​အန္တရာယ်မရှိသောပုံမှန်နေရာတစ်ခုဖြစ်လာခဲ့သည်။

ထိုနေရာကိုရောက်တော့ တွေ့လိုက်ရတဲ့ အရာကြောင့် သူ့မှာ ခဏလောက် လောကကြီးအပြင်ဘက်ရောက်သွားသလိုတောင် ထင်သွားရကာ ဘာမှတောင်မပြောနိုင်တော့...။

လူနှစ်ယောက်သည် သွေးအိုင်ထဲတွင် သေသလား၊ရှင်သလား မသိ လဲနေကြကာ ဘေးနားတွင်လည်း ရိုက်ခွဲထားသော ပုလင်းကွဲအစများစွာရှိနေသည်။

ဟန်မဟော်ရှိန်းသည် သွေးအနည်းငယ်ပေကျံနေသော သူ့မျက်နှာကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး မင်းသွင်ခန့်ကို ဖြူစင်တဲ့အပြုံးလေးနဲ့ ရယ်ပြလာသည်။

"hi..."

မြင်ရတဲ့မြင်ကွင်းနဲ့ သွေးတွေကိုသုတ်ပြီး ဖြူစင်စွာပြုံးပြလာတာမျိုးသည် နည်းနည်းလေးမှမအပ်စပ်။
မင်းသွင်ခန့် ကြက်သီးထသွားမိသည်။

မင်းပုံစံက စိတ္တဇလူသတ်သမား ကျနေတာပဲ။

"ဟန်မဟော်ရှိန်း...မင်း!"

သူဘာဆက်ပြောရမှန်းတောင်မသိ...ဝေခွဲမရဖြစ်ကုန်ကာ..သွေးအိုင်ထဲ လဲကျနေတဲ့လူနှစ်ယောက်ကိုသာကြည့်လိုက်ပြီး ဆေးရုံကားကို ဖုန်းဆက်ခေါ်ရန်ပြင်ရတော့သည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now