Part~4(Z+U)

15.7K 1K 43
                                    

Uni

~ငယ်လေးဆိုတာ ဘယ်လိုကောင်မျိုးကိုခေါ်တာလဲ~

ဝင်လာသူက ကောင်းဆက်သွင် ဟုခေါ်သော မေမမှီမှိုင်း၏ပထွေးဘက်မှပါလာသော အစ်ကိုဖြစ်သည်။သူတို့နှစ်ယောက်က သွေးသားမတော်စပ်သည့်အပြင် နှစ်ယောက်လုံးအရွယ်ရောက်မှ နှစ်ဖက်မိဘက လက်ထပ်ခဲ့ကြတာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဥ်လည်းမရှိကြပါ။

အထူးသဖြင့် ကောင်းဆက်သွင်ဘက်က မေမမှီမှိုင်းတို့သားအမိကို ပိုအမြင်မကြည်ဖြစ်နေကာ အမြဲပြဿနာရှာနေတတ်သည်။

ဒါရိုက်တာ အလုပ်ကိုလုပ်နေတာ အရင်ကအဆင်ပြေသော်လည်း အပျော်ပါးလိုက်စားလွန်းနေတာကြောင့် အရှုံးပေါ်လာပြီး အကြွေးတွေပါတင်လာသည်။

အားလုံးကိုဖြေရှင်းဖို့ တစ်ခုတည်းသောဖြတ်လမ်းက ထင်ရှားခကြွေလို နှစ်ယောက်မရှိ ပြိုင်ဘက်ကင်း ထိတ်တန်းသရုပ်ဆောင်တစ်ယောက်နဲ့ ဇာတ်ကားရိုက်ရန်သာကျန်တော့သည်။

ဒါဆိုရင် သူလည်းနာမည်တော်တော်ကြီးသွားပြီး ဒီလောကမှာအောင်မြင်လာနိုင်သည်။

ဒါပေမယ့် အခုတော့ မေမမှီမှိုင်းကြောင့် အရာအားလုံးပျက်စီးကုန်ကာ အခုချိန်မှာ ဒီလောက၌ သူ့နာမည်တော်တော်ပျက်နေသည်။ထင်ရှားခကြွေလို စာချုပ်မဖျက်တတ်တဲ့ လူတောင် စာချုပ်ဖျက်သွားခဲ့လို့ သူ့နဲ့အလုပ်တွဲလုပ်ချင်တဲ့လူမရှိတော့။

ထင်ရှားက သူ့ကိုအံ့ဩသလို ကြည့်နေသော ကောင်းဆက်သွင်ကို မေးလိုက်သည်။

"ရောက်လာပြီလား....."

ကောင်းဆက်သွင် နဖူးက ချွေးတွေတောင် ထွက်ချင်လာသည်။မေမမှီမှိုင်းကို ပြဿနာမရှာရန် နှုတ်ပိတ်ဖို့လာခဲ့ပေမယ့် အခန်းထဲမှာ ထင်ရှားပါရောက်နေတော့ သူရုတ်တရက် ဘာလုပ်လိုက်ရမလဲ မတွေးနိုင်ဖြစ်သွားသည်။

မေမမှီမှိုင်းနဲ့ ထင်ရှားလိုလူမျိုးက ပတ်သက်စရာအကြောင်း မရှိဘူး မဟုတ်လား။

အခန်းထဲမှာ ဘယ်သူကမှစကားစမပြောဘဲ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးနောက်မှာတော့ ဝေဟင် ရဲ့ဖုန်းမြည်လာကာ တိတ်ဆိတ်ခြင်း ပျောက်ကွယ်သွားသည်။

My lover is not like a gentle (Z+U) (Completed ) Kde žijí příběhy. Začni objevovat