Part~39(U+Z)

7K 441 159
                                    

Uni

မဟော်ရဲ့ ခပ်တိုးတိုးရေရွတ်သံကို ကြားလိုက်ရတဲ့အခါ မျက်မှန်နဲ့လူသည် မဟော်ကို လုံးဝနားမလည်နိုင်တော့တဲ့ အမူရာနဲ့ မေးခွန်း​ပြန်ထုတ်သည်။

"ဟမ်!!!! မင်းဘာအကြောင်းကိုပြောနေတာလဲ...ငါပြောတာကို နားထောင်နေတာရော ဟုတ်ရဲ့လား...ထင်ရှားခကြွေကမှ အသုံးချခံလိုက်ရတာကွ "

"ဟမ်!!!!!"

မျက်မှန်နဲ့လူအမေးကို ကြားလိုက်ရတဲ့ မဟော်မှာလည်း ဘာတွေလွဲသွားမှန်းမသိဖြစ်သွားကာ ထပ်ပြီးလိုက်မမှီဖြစ်သွားပြန်သည်။

မျက်မှန်နဲ့လူက မဟော်ရဲ့ပုံစံကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ ပြောပြလာသည်။

"ခေါင်းဆောင်က အရင်ကတည်းက ထင်ရှားခကြွေ သတိထားမိအောင် တမင် သဲလွန်စတွေ ပေးနေခဲ့တာ...သန့်ဝေဟင်ယံတို့မြို့မှာရော၊သန့်ဝေဟင်ယံကို မင်းအကူညီနဲ့ဆေးခပ်ခဲ့တဲ့ hotelမှာရော..ခေါင်းဆောင်က သဲလွန်စတွေချန်ခဲ့ပေမယ့် ထင်ရှားခကြွေက တစ်ခုကိုမှသတိမထားမိခဲ့ဘူး..."

မဟော်လည်း အခုမှအဲ့ဒီကိစ္စကို ပြန်တွေးမိသွားသည်။ထင်ရှားကိုဆေးစီစဥ်ပေးရတဲ့ညမှာ Kingကသူ့ကိုပြဿနာမရှာဖို့ ပြောခဲ့တာပဲ။Kingက ထင်ရှားနဲ့ဝေဟင်ကို လက်ထပ်စေချင်လို့ သူ့ကိုအဲ့ဒီညမှာ ဝင်မရှုပ်အောင် ပြဿနာမရှာနဲ့လို့ ပြောခဲ့တာဖြစ်လောက်သည်။

ထင်ရှားလို ကြိုတင်ခန့်မှန်းနေတတ်တဲ့ အကျင့်ရှိတဲ့ကောင်က သူအဲ့ဒီညမှာ ပြဿနာမရှာတာကို သံသယဝင်သင့်သည်။ဘာလို့လဲဆိုတော့ ထင်ရှားကိုအဲ့ဒီအချိန်တုန်းက သူတော်တော်ဒုက္ခပေးချင်နေတာလေ..။အဲ့ဒါကြောင့်လည်း Hotelကို ရဲတွေရောက်လာအောင် တမင်ခေါ်ခဲ့သေးသည်...။Kingက အဲ့ဒီရဲတွေကို ရှင်းပေးခဲ့လို့သာ ထင်ရှားကံကောင်းသွားတာ..။

တိုက်ဆိုင်မှုလို့ ထင်ခဲ့ပေမယ့် ဒါကKingရဲ့ အကွက်ချမှုပဲ။ကံဆိုးစွာနဲ့ အဲ့ဒါကို ထင်ရှားက သတိမထားမိဘဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့တာ။

သေချာပြန်စဥ်းစားကြည့်မှ Kingအခန်းပြင်ကို တမင်ထွက်သွားတာကို ပြန်တွေးမိသွားတော့သည်။

My lover is not like a gentle (Z+U) (Completed ) Where stories live. Discover now